DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
June 1, 2022
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မေလ ၃၁ ရက် မနက်ပိုင်းက  စစ်ကောင်စီတပ် ယာဥ်တန်း ကား ၄ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင် PDF ကနေ သိရပါတယ်။

မြိုင်PDF တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက “မြိုင်မြို့နယ်အရှေ့ပိုင်း ကျောက်စရစ်ကန်ရွာနဲ့ သစ်ပင်ကြီးရွာကြားမှာ မနေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ စစ် (-)  ကား  ၄ စီးကို ပွိုင့် ၂ ပွိုင်ခွဲ ပြီး မိုင်းဆွဲတိုက်ခိုက်လိုက်တာ မိုင်း ၁၃ လုံးပေါက်ကွဲပြီး ကားတစီး ပက် လက်လန်သွားတယ်။ သူတို့ဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်ပေမယ့် အတိကျတော့ အတည်မပြုနိုင်သေးဘူး”လို့ ဒီဗွီဘီကိုပြောပါတယ်။

မြိုင်PDF  ရဲဘော်တွေကတော့ အထိခိုက်အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာ မေလ ၂၇ ရက်ကလည်း အင်အား ၁၇၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မြိုင် PDF က  မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးနိုင်တယ်ဆိုပေမဲ့  ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျ မသိရပါဘူး။

မကွေးတိုင်း ပေါက်မြို့နယ်မှာလည်း မေ ၂၇ ရက် နေ့လယ်ပိုင်းက မင်းတပ်ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ကြိုဖို့ ထွက်လာတဲ့ရဲနဲ့ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပေါက် PDF တပ်ရင်း ၄ က မေ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ပေါက် PDF တပ်ရင်း - ၄ တာဝန်ခံ ဗိုလ်ငသွေးက “ကျောက်ထုမြို့ဘက်ကနေ ပခုက္ကူဘက်ကို ထွက်လာတဲ့ စစ်ယာဥ်တန်းကို ရေပြာရဲစခန်းက ရဲတွေနဲ့ ပျူစောထီးတွေက ကြိုဆို ကင်းစောင့်ပေးဖို့ ထွက်လာတာ။ အဲဒီကောင်တွေကို အထူးစီမံထားတဲ့ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ ရဲ ၂ ယောက် ပွဲချင်းပြီးသေဆုံးကာ အပြင်းအထန် ဒဏ်ရာရတဲ့ထဲက ၂ ယောက် ထပ်မံသေဆုံးခဲ့တယ်” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ပေါက်PDF တပ်ရင်း - ၄ ဘက်က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြပြီး ရဲနဲ့ ပျူစောထီးတွေ သေဆုံးဒဏ်ရာရတဲ့ အခြေအနေကို အတည်ပြုနေရသလို အင်တာနက်လိုင်း အခက်အခဲကြောင့် သတင်းထုတ်ပြန်တာ နောက်ကျခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013