DVB Logo
Home
မြန်မာသတင်း
‘ဝ’ပြည်နယ်တည်ထောင်ခွင့်ပေးရန် UWSP တောင်းဆို၊ နိုင်ငံတော်မှ လုံးဝခွဲထွက်မည်မဟုတ်ဟု ကတိပေး
DVB
·
May 31, 2022
‘ဝ’ပြည်နယ်တည်ထောင်ခွင့်ပေးရန် UWSP တောင်းဆို၊ နိုင်ငံတော်မှ လုံးဝခွဲထွက်မည်မဟုတ်ဟု ကတိပေး
Donate to DVB

‘ဝ’ဒေသအနေနဲ့ နိုင်ငံတော်ကနေ လုံးဝခွဲထွက်မှာမဟုတ်တဲ့ အကြောင်းနဲ့ ‘ဝ’ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တည်ထောင်ခွင့်ပေးဖို့   “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ကတောင်းဆိုလိုက်ပါတယ်။

 "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP  ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်တဲ့အဖွဲ့ဟာ မေ ၃၀ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  နေပြည်တော်မှာတွေ့ဆုံစဉ် တောင်းဆိုခဲ့တာလို့ UWSP ကသတင်းထုတ်ပြန်ပါတယ်။

နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရောက်ရှိနေတဲ့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်တဲ့အဖွဲ့က သူတို့အနေနဲ့ နိုင်ငံတော်ကနေ ခွဲထွက်မှာ မဟုတ်သလို နိုင်ငံတော်ကာကွယ်ရေးနဲ့ သံတမန်ရေးရာကလွဲလို့ ကျန်အရေးကိစ္စတွေကို ‘ဝ’ တိုင်းရင်းသားတွေကိုယ်တိုင် စီမံအုပ်ချုပ်မယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့တဲ့အကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အစိုးရနဲ့ချုပ်ဆိုထားတဲ့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်တွေကို ဆက်လက်လိုက်နာထိန်းသိမ်းသွားမှာဖြစ်ပြီး အစိုးရ ဘယ်သူပဲအုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားတွေရဲ့ အတွင်းရေးသားဖြစ်လို့ ပဋိပက္ခမဖြစ်စေလိုတဲ့အတွက် ဘယ်သူ့ဘက်ကိုမှ ပါဝင်ပတ်သက်မှာ မဟုတ်ဘူးလို့လည်း ‘ဝ’ ပြည်နယ်ကိုယ်စားလှယ်အဖွဲ့က ပြောခဲ့ပါတယ်။

 "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီဘက်က  တင်ပြထားတဲ့ နိုင်ငံရေးဆွေးနွေးမှု အထွေထွေမူဝါဒအရ တခြားတိုင်းရင်းသားပြည်နယ်တွေနဲ့ တန်းတူရည်တူရှိတဲ့ ‘ဝ’ အမျိုသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တည်ထောင် လိုအပ်တယ်လို့လည်းဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံအရေးကိစ္စကိုဖြေရှင်းဖို့ကြိုးစားနေပေမယ့် နောက်ဆုံးဖြေရှင်းတဲ့အခါမှာတော့  ပြည်တွင်းပဋိပက္ခဖြစ်ပွားနေတဲ့ သက်ဆိုင်တဲ့အဖွဲ့တွေကိုသာ အားကိုးရမယ်လို့လည်း ဝ ကိုယ်စာလှယ်အဖွဲ့ကပြောဆိုခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ 

"ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP  ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်တဲ့အဖွဲ့ဟာ မေ ၃၀ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  နေပြည်တော်မှာတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးကိစ္စတွေ၊   ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

UWSPအဖွဲ့ကလည်း ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးနဲ့ ပတ်သက်လို့  “ဝ” ပြည် သွေးစည်းညီညွတ် ရေးပါတီ UWSPက သဘောတူညီခဲ့တယ်လို့လည်းဆိုပါတယ်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဒုဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့တွေဟာ စစ်ကောင်စီ ဩဇာခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နဲ့လည်း နေပြည်တော်မှာ  ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ခဲ့ပါတယ်တယ်။

UWSP ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ မေ ၂၉ ရက်မနေ့ကတည်းက နေပြည်တော်ကို မော်တော်ယာဉ်တွေနဲ့ ရောက်ရှိလာတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့  UWSP အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က တက်ရောက်ဖို့ စာရင်းပေးထားတာဖြစ်ပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013