DVB Logo
Home
မြန်မာသတင်း
ယာယီသမ္မတ ဒူဝါလရှီးလ ရှေ့တန်းရောက် PDF ရဲဘော်များအား သွားရောက်ဂုဏ်ပြုအားပေး (ဓာတ်ပုံ)
DVB
·
May 30, 2022
ယာယီသမ္မတ ဒူဝါလရှီးလ ရှေ့တန်းရောက် PDF ရဲဘော်များအား သွားရောက်ဂုဏ်ပြုအားပေး (ဓာတ်ပုံ)
1 / 4
Donate to DVB

ယာယီသမ္မတ ဒူဝါလရှီးလ ရှေ့တန်းစခန်းတနေရာရှိ  ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်သည်ရဲ‌ဘော်တွေကို  သွားရောက်ကြည့်ရှု၊ ဂုဏ်ပြုစကားပြောကြားခဲ့တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သတင်းထုတ်ပြန်ပါတယ်။

ယာယီသမ္မတဟာ မေ ၂၄ ရက်က ရှေ့တန်းစခန်းရှိ PDF စစ်သည်ရဲဘော်တွေနဲ့ တွေ့ဆုံရာမှာ ရဲဘော်တွေဟာ တိုင်းပြည်ရဲ့ သူရဲကောင်းတွေဖြစ်သလို မျှော်လင့်ချက်လည်း ဖြစ်လို့ အထူးလေးစားဂုဏ်ယူပါကြောင်း၊ ပြည်သူ့တော်လှန်ရေးအတွက် မိမိတို့ အသက်ခန္ဓာကိုပါ စတေးထည့်ဝင်နေကြတဲ့  PDF စစ်သည်တော်တွေအပါအဝင် ခုခံတွန်းလှန်စစ်မှာ ပါဝင်နေကြသူအားလုံးကို သမိုင်းက ကောင်းစွာ မော်ကွန်းကဗ္ဗည်းတင်ပြီးဖြစ်သလို ဒီအရင်းအနှီးတွေဟာ  လုံးဝ အဟောသိံကံ ဖြစ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

PDFဟာ ပြည်သူ့အတွက် အားကိုးယုံကြည်ရာသာ ဖြစ်ရမယ်၊ ပြည်သူ့ဆန္ဒကို မဆန့်ကျင်ဖို့ အထူးလိုအပ်တယ် ပြည်သူနဲ့ PDF ဟာ ရေနဲ့ ငါးကဲ့ ကျင့်ကြံရမယ်၊ Professional စံပြတပ်မတော်တရပ်အဖြစ် ရပ်တည်နိုင်ရေး ပြည်သူနဲ့ တသားတည်းရှိမှု၊ စည်းကမ်း‌ကောင်းမွန်မှု၊  အမိန့်နာခံမှု၊ စွမ်းရည်ပြည့်ဝမှုတို့ အရေးကြီးကြောင်း၊ အခုအခါ တနိုင်ငံလုံးမှာ PDF တပ်မတော်ရဲ့ တပ်ရင်းတပ်ဖွဲ့ပေါင်းများစွာ စနစ်တကျ စုဖွဲ့လာနိုင်ပြီဖြစ်လို့ လူထုက များစွာအားတက်နေတယ်၊ PDF ဟာ နွေဦး‌ပြည်သူ့တော်လှန်ရေး၏ အသက်ပမာ အရေးကြီးတဲ့ လူထုမျှော်လင့်ချက် ပန်းတိုင်ရောက်တဲ့အထိ ဉာဏ်ပညာ ဇွဲ သတ္တိ လုံ့လ ဝိရိယအပြည့်နဲ့ ဦးဆောင်ပါဝင်သွားကြဖို့ လိုအပ်တယ်လို့လည်း ယာယီသမ္မတက ပြောသွားပါတယ်။

ယာယီသမ္မတနဲ့အဖွဲ့ဟာ စစ်စခန်းတွင်း အခြေအနေတွေ၊ PDF စစ်သည်တော်တွေနဲ့ လိုအပ်ချက်နဲ့ စားဝတ်နေရေး အခြေအနေတွေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ခဲ့တယ်လို့  NUG ကသတင်းထုတ်ထားပါတယ်။ 

Photo- NUG

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013