DVB Logo
Home
မြန်မာသတင်း
UWSP ဒုဥက္ကဋ္ဌ ဦးလော့ယာကုနှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံ ဒေသဖွံ့ဖြိုးရေး ဆွေးနွေး
DVB
·
May 30, 2022
UWSP ဒုဥက္ကဋ္ဌ ဦးလော့ယာကုနှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံ  ဒေသဖွံ့ဖြိုးရေး ဆွေးနွေး
1 / 7
Donate to DVB

"ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP  ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်တဲ့အဖွဲ့ဟာ မေ ၃၀ ရက် ဒီနေ့မနက်က နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးကိစ္စတွေ၊   ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

တွေ့ဆုံရာမှာ ဒေသတည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို စစ်ခေါင်းဆောင်က ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

UWSPအဖွဲ့ကလည်း ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးနဲ့ ပတ်သက်လို့  “ဝ” ပြည် သွေးစည်းညီညွတ် ရေးပါတီ UWSPက သဘောတူညီကြောင်းနဲ့ သဘောထားတူညီချက်အမြင်တွေကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေကို တင်ပြခဲ့သလို ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ ကြတယ်လို့ဆိုပါတယ်။

ဒီတွေ့ဆုံပွဲမှာ စစ်ကောင်စီဘက်က ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြပြီး UWSPဘက်က ပြင်ပ ဆက်ဆံရေးဒုဌာနကြီးမှူး ဦးပေါက်အိုက်ကော်နဲ့ ပြင်ပဆက်ဆံရေးဌာန၊ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရန်းတို့ တက်ရောက်ကြပါတယ်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဒုဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့တွေဟာ စစ်ကောင်စီ ဩဇာခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နဲ့လည်း နေပြည်တော်မှာ  ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားဖို့ရှိပါတယ်။

UWSP ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ မေ ၂၉ ရက်မနေ့ကတည်းက နေပြည်တော်ကို မော်တော်ယာဉ်တွေနဲ့ ရောက်ရှိလာတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့  UWSP အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က တက်ရောက်ဖို့ စာရင်းပေးထားတာဖြစ်ပါတယ်။  

Photo Credit-MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013