DVB Logo
Home
မြန်မာသတင်း
ဒေါင်းနှင့်ပိုင်ဖြိုးသုတို့ပါဝင်သည့် တော်လှန်ရေးရန်ပုံငွေ ရုပ်ရှင်ဇာတ်လမ်းတို-“နိုင်ငံပျောက်သူ” စတင်ကြည့်ရှုနိုင်
DVB
·
May 30, 2022
ဒေါင်းနှင့်ပိုင်ဖြိုးသုတို့ပါဝင်သည့် တော်လှန်ရေးရန်ပုံငွေ ရုပ်ရှင်ဇာတ်လမ်းတို-“နိုင်ငံပျောက်သူ” စတင်ကြည့်ရှုနိုင်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်ကရပ်တည်ခဲ့ကြတဲ့ တော်လှန်အနုပညာရှင်တွေ ဖန်တီးပုံဖော်ရိုက်ကူးထားတဲ့ “နိုင်ငံပျောက်သူ”ရုပ်ရှင်ဇာတ်လမ်းတိုကို မေ ၃၀ ရက် ဒီကနေ့စတင်ထုတ်လွှင့်လိုက်ပြီ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းကိုတော့ ဒါရိုက်တာဏကြီးက ကိုယ်တိုင်ဇာတ်လမ်းဖန်တီးရိုက်ကူးထားခဲ့တာဖြစ်ပြီး သရုပ်ဆောင်မင်းသား ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့က ခေါင်းဆောင်ပါဝင်ထားကြပါတယ်။

ဒါရိုက်တာ ဏကြီးက “ကျနော် စစ်မတိုက်တတ်ဘူး။ fundraising တွေလည်း မလုပ်တတ်ဘူး။ ကျနော်က ရုပ်ရှင်ရိုက်တဲ့သူဆိုတော့ ရုပ်ရှင်ပဲ ရိုက်တတ်ပါတယ်။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ပြီး တော်လှန်ပါတယ်။”လို့ ပြောပါတယ်။

“နိုင်ငံပျောက်သူ”ရုပ်ရှင်ဇာတ်လမ်းတိုထဲမှာ အဆိုတော် ကျားပေါက်ကလည်း ဂီတဖန်တီးမှုတွေနဲ့ ပါဝင်ထားပြီး တခြားသော တော်လှန်ရေး ရဲဘော်ရဲဘက် အနုပညာရှင်တွေကလည်း တတပ်တအား ပါဝင်ထားကြကာ ပဒေသာပင် Youtube ချယ်နယ်လ်ကနေ မျှဝေပေးသွားမယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတိုကိုတော့ မြန်မာ့နွေဦးတော်လှန်ရေးရန်ပုံငွေ ရရှိရေးအတွက် တတပ်တအား ပါဝင်အားဖြည့်ကူညီတဲ့အနေနဲ့ ရိုက်ကူးထားတာမို့ ဇာတ်လမ်းတိုက်ရိုက်လင့်ခ်တွေ ဆိုရှယ်မီဒီယာတွေပေါ်က မျှဝေတာတွေမလုပ်ဖို့၊ ယူကျုဘ်လင့်လ်ကသာတဆင့် တိုက်ရိုက်ကြည့်ရှုကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီရုပ်ရှင်ဇာတ်လမ်းတိုထဲမှာ ပါဝင်တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ “ရုပ်ရှင်ကြည့်နည်းလေး ပြောပြချင်လို့ပါ... မနက်ဖြန်မနက် ၈.၀၀ နာရီ ကစပြီး "နိုင်ငံပျောက်သူ" ဇာတ်ကားတိုကို ပဒေသာပင် YouTube channel မှာစတင်တော့မယ်ဆိုတော့... စိတ်ပူမိတာလေးတွေရှိပါတယ်... အားလုံးသိပြီးကြတဲ့အတိုင်း သုသုတို့တွေကိုယ်ပိုင် social media accountတွေကနေမတင်ပဲ Pa Day Thar Pin ကနေတင်တယ် Nway Oo Video App က‌နေတင်မယ်ဆိုတာကလေ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရအောင်ပါ... ဆိုတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ် ရုပ်ရှင်လည်းကြည့်ရင်း တော်လှန်ရေးကိုလည်းအားဖြည့်ကူညီမယ် ဆိုပြီး စေတနာအပြည့်နဲ့ ဝိုင်းကြည့်ပေးကြမယ့် သူတွေထဲက စေတနာအမှားနဲ့ YouTube videoရဲ့ direct link တွေ Facebook မှာတင်ပေးတာမျိုးလည်းမလုပ်ကြပါနဲ့နော်... အဲဒီlink တွေကနေဝင်တဲ့သူများရင် unusual trafficဖြစ်တယ်ဆိုပြီး youtubeကရစ်ရင် Pa Day Thar Pin ဝင်ငွေရပ်သွားတာမျိုးဖြစ်နိုင်လို့ပါ... အဲဒါကြောင့် အကောင်းဆုံးကတော့အားပေးချင်တယ်ဆိုရင်လေ youtube app ကိုဖွင့် ဇာတ်ကားနာမည် "နိုင်ငံပျောက်သူ" ကို search မှာနှိပ်ရှာပြီးကြည့်တာမျိုးလေးပဲလုပ်ပေးကြပါနော်”လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ ရာမှာ ဒါရိုက်တာ ဏကြီး၊ သရုပ်ဆောင် ပိုင်ဖြိုးသု၊ ဒေါင်း၊ အဆိုတော် ကျားပေါက်တို့အပါအဝင် အနုပညာရှင်တွေများစွာ ပါဝင်နေခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်မှာတော့ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ရဲတိုက်၊ ပိုင်တံခွန်၊ ပိုပို၊ စောဖိုးခွား၊ ဝင်းမင်းသန်းတို့ကို ထောင်ဒဏ် ၃ နှစ်စီ ကျခံစေဖို့ ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တာပါ။

လတ်တလော လွတ်မြောက်လာသူတွေထဲမှာတော့ ထင်ရှားတဲ့ အဆိုတော် စောဖိုးခွားနဲ့ သရုပ်ဆောင် ရဲတိုက်၊ အဆိုတော် ပိုပိုတို့ ပါဝင်လာခြင်း မရှိသေးပါဘူး။

“နိုင်ငံပျောက်သူ”ရုပ်ရှင်ဇာတ်လမ်းတို ကြည့်ရှုနိုင်ရန် ယူကျုဘ်လင့်ခ်— https://www.youtube.com/c/PaDayTharPin

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013