DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်တွင် ဒေသခံတဦးကို CDF တပ်သားဟုစွပ်စွဲပြီး ‌စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
May 27, 2022
ကလေးမြို့နယ်တွင် ဒေသခံတဦးကို CDF တပ်သားဟုစွပ်စွဲပြီး ‌စစ်ကောင်စီတပ် ဖမ်းဆီး
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာမှာ နေထိုင်တဲ့ ကိုထွန်းလင်း‌အောင်ကို စစ်ကောင်စီတပ်က CDF တပ်သားလို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က မေ ၂၃ ရက်မှာ ရာဇဂြိုဟ်ကျေးရွာအနီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ကိုထွန်းလင်းအောင်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ရဲ့ ဝါဒဖြန့်မီဒီယာက CDF တပ်သားတဦးကို ဖမ်းဆီးခဲ့တယ်လို့ မေ ၂၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဒေသခံတဦးက “စစ်သားတွေက စစ်ကြောင်းထိုးလာတာမှာ သူနဲ့ တိုက်ရိုက်တွေ့သွားတာ၊ CDF ဆိုပြီး စွပ်စွဲပြီးမှ ဖမ်းသွားတယ်။ အခုထိ အဆက်အသွယ်တော့ မရသေးဘူး။ ကလေးမြို့ထဲကို ဖမ်းသွားတယ်လို့ကြားတယ်” လို့ ပြောပါတယ်။

မေ ၂၁ ရက်ကလည်း က‌လေးမြို့‌ တောင်ဖီလာရပ်ကွက်‌နေ ကိုမြင့်သူဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက PDF ကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါသေးတယ်။

မေ ၁၆ ရက်ကလည်း ကလေးမြို့က မိသားစု ပုံနှိပ်တိုက်လုပ်ငန်းပိုင်ရှင် ကိုမျိုးနိုင်လင်း ခရီးသွားရင်း ကလေးမြို့နယ်ရှိ ကျီကုန်းကျေးရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ဧပြီ ၂၈ ရက်ကလည်း ကလေးမြို့ စံလှပုံနှိပ်တိုက်က လုပ်ငန်းပိုင်ရှင်ကို တော်လှန်ရေးအတွက် ကူညီထောက်ပံ့နေပြီး ဆန္ဒပြသပိတ်အဖွဲ့တွေအတွက် နံရံကပ်စာစောင်တွေ၊ ဆိုင်းဘုတ်တွေကို အခကြေးငွေမယူဘဲ ပူးပေါင်း ကူညီပေးနေတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့ကာ ပုံနှိပ်လုပ်ငန်းသုံး ပစ္စည်းတွေကိုလည်း  သိမ်းဆည်းခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ လတ်တလောမှာ ကလေးနယ် တောင်ပိုင်းကို သာလွန်အင်အားသုံးပြီး ကုန်းကြောင်းကသာမက လေကြောင်းကပါ ထိုးစစ်ဆင်နေသလို ‌ကျေးရွာတွေက ဒေသခံနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၄၀၀‌ ကျော်ရှိပြီဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်ခွံရသူ ၁၀၀‌ ကျော်ရှိ‌နေပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စစ်တမ်းအရ သိရပါတယ်။

သတင်း-ဇာနည်ဖြိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013