DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအပါအဝင် ၆ ဦးကို အဂတိမှုဖြင့်စွပ်စွဲ စစ်ကောင်စီအမှုဖွင့်
DVB
·
May 26, 2022
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအပါအဝင် ၆ ဦးကို အဂတိမှုဖြင့်စွပ်စွဲ စစ်ကောင်စီအမှုဖွင့်
Donate to DVB

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့ ဒုမြို့တော်ဝန်  ဦးစိုးလွင် အပါအဝင် ၆ ဦးကို အဂတိမှုနဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ စစ်ကောင်စီပြန်ကြားရေးက မေ ၂၆ ရက် မှာ သတင်းထုတ်ပါတယ်။ 

ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းနဲ့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့လည်းကောင်း ဒုမြို့တော်ဝန် ဦးစိုးလွင်၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူး ဦးသန်းနဲ့ ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် ဦးဇင်မင်းအောင် တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း ကျောက်တံတားမြို့မရဲစခန်းမှာ ဒီနေ့  ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်လိုက်တာလို့ ဆိုပါတယ်။

အဆိုပါပုဂ္ဂိုလ်တွေကို ကျောက်မီးသွေးထုတ်လုပ်မှုလုပ်ငန်းနဲ့ ပတ်သက်တဲ့ကိစ္စ၊ ဒဂုံမြို့သစ် မြို့နယ်မှာ စက်သုံးဆီအရောင်းဆိုင်တွေ ဖွင့်လှစ်ခဲ့တဲ့ကိစ္စ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ပန်းဥယျာဉ်များရှိ လုပ်ငန်း ၂၁ ခုကို ကုမ္ပဏီများသို့ ငှားရမ်းစာချုပ်ချုပ်တဲ့ကိစ္စနဲ့   မြို့တော်အသံလွှင့်လုပ်ငန်း (City FM)  ဝန်ထမ်းလစာကိစ္စတွေနဲ့ ပတ်သက်လို့ စွပ်စွဲပြီး အရေးယူခဲ့တာပါ။ 

အရေးယူခံရသူတွေဘက်ကတော့ စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေကို ပြန်လည်ချေပပြောဆိုနိုင်တဲ့ အခွင့်အရေး မရရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013