DVB Logo
Home
မြန်မာသတင်း
ထန်းတပင်မြို့နယ်၌ စစ်ကောင်စီတပ်သား ၆ ဦး စနိုက်ပါဖြင့်ပစ်ခံရပြီး သေဆုံး
DVB
·
May 21, 2022
ထန်းတပင်မြို့နယ်၌  စစ်ကောင်စီတပ်သား  ၆ ဦး စနိုက်ပါဖြင့်ပစ်ခံရပြီး  သေဆုံး
Donate to DVB

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်စခန်း ၃ ခုကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့  KNDO ရဲ့ စနိုက်ဘာပါ လက်ဖြောင့်တပ်ဖွဲ့ဝင်တွေက သီတင်း၂ ပတ်အတွင်း  ၆ ကြိမ်သွားရောက်ပစ်ခတ်ခဲ့ရာ  စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူတာဝန်ရှိသူထံက သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၂၊ လက်အောက်ခံ KNDO တပ်ရင်း ၄ နယ်မြေအတွင်းက စစ်ကောင်စီရဲ့ သေအေ့ထာ၊ ကိုဒေးနဲ့ ဘောဂလိမြို့တပ်စခန်းတွေကို  မေ ၄ ရက်မှ မေ ၁၈ ရက်အတွင်း KNDO တပ်ဖွဲ့ဝင်တွေက သွားရောက်ပစ်ခတ်ခဲ့တာပါ။

ကေအန်ယူတာဝန်ရှိသူတစ်ဦးက”ကျနော်တို့ဘက်က တပ်စခန်းတွေ အပြီးထွက်ခွာပေးဖို့ အသိပေးအကြောင်းကြားစာတွေ ထုတ်ပြန်ထားတယ်။ ဒါပေမဲ့ အခုထိမထွက်ခွာတဲ့အပြင် ဒေသခံတွေကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တာ။ ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံတွေက စိုးရိမ်ကြောက်လန့်နေရတယ်။ ဒါကြောင့် တပ်စခန်းတွေ ထွက်အောင်နည်းလုပ်ပေါင်းစုံနဲ့ တိုက်ခိုက်ဖို့ပဲရှိတယ်”လို့ ဆိုပါတယ်။

‌မေ ၄ ၊ ၈ ၊ ၁၃ ၊ ၁၅ ရက်နေ့တွေက သေအေ့ထာတပ်စခန်းကို တစ်ကြိမ်စီသွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး၊  မေ ၁၄ ရက်က ကိုဒေးတပ်စခန်းကို သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး၊  ၂ ဦး ဒဏ်ရာရရှိ ခဲ့သလို ဘောဂလိမြို့ တပ်စခန်းကို မေ ၁၈ ရက်က သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၅ ရက်က KNDO တပ်ရင်း ၄  နယ်မြေအတွင်းက ကိုဒေး၊ ကီးချောင်းနဲ့ ၄၈ မိုင်တပ်စခန်းတွေ ၁၅ ရက်အတွင်း အပြီးတိုင်းထွက်ခွာပေးဖို့နဲ့ မေ ၈ ရက်ကလည်း KNDO တပ်ရင်း ၆  နယ်မြေအတွင်းက  ဘုံမ္မတီး၊ တောင်ကြီးနဲ့ ရှားစေးဘိုတပ်စခန်းတွေကို အမြန်ဆုံးထွက်ခွာပေးဖို့ အသိပေးစာထုတ်ပြန်ထားတာပါ။

စစ်ကောင်စီတပ်တွေဟာ အသိပေးထုတ်ပြန်စာတွေကို  လိုက်နာခြင်းမရှိတဲ့အပြင် KNLA တပ်ရင်း ၅ နဲ့ ၆ နယ်မြေတွေကိုပါ နယ်မြေကျော်ဝင်ရောက်ကာ လူအင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားတာ၊ တောနင်းပြီး PDF တွေရှိတယ်လို့ ယူဆရတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်စစ်ဆေးရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တပ်မဟာ ၂ နယ်မြေအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းတွေက ဒေသခံတွေရဲ့‌ကျေးရွာတွေအတွင်းကို လက်နက်ကြီးပစ်ခတ်တာ၊ လူနေအိမ်တွေကို မီးရှို့တာတွေကြောင့် ဒေသခံအရပ်သားပြည်သူ ၁၀၀၀ ကျော်ဟာ နေအိမ်စွန့်ခွာပြီး မိမိတို့ဥယျာဉ်ခြံတွေ၊ ဆွေမျိုးတွေရှိရာမြို့တွေနဲ့  တော ၊ တောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါအပြင် ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် (တောင်ငူ၊လွိုင်ကော်လမ်း) ကို ဆက်သွယ်သွားလာနေတဲ့ ကားလမ်းပိုင်းမှာ စစ်ကောင်စီရဲ့တပ်တွေက စစ်ရေးလုပ်ရှားမှုတွေ ပိုမိုလုပ်လာလို့ KNLA၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲတွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013