DVB Logo
Home
မြန်မာသတင်း
မလေးရှားဝန်ကြီး မျောက်ပြလည်ရောင်းနေဟု စစ်ကောင်စီပြောခွင့်ရသူ ဝေဖန်
DVB
·
May 20, 2022
မလေးရှားဝန်ကြီး မျောက်ပြလည်ရောင်းနေဟု စစ်ကောင်စီပြောခွင့်ရသူ ဝေဖန်
Donate to DVB

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မျောက်ပြဆန်တောင်းနေတာမဟုတ်ဘဲ မျောက်ပြလည်ရောင်းဖြစ်နေတာဖြစ်တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝေဖန်ပြောကြားလိုက်ပါတယ်။ 

 ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာရဲ့ ပြောဆို ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၁၉ ရက်မွန်းလွဲပိုင်းက နေပြည်တော်မှာကျင်းပခဲ့တဲ့  စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်တယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ  တခြားသူနဲ့တွေ့တဲ့အခါမှာ သူတို့နိုင်ငံမှာ မြန်မာနိုင်ငံက ဒုက္ခသည်ပေါင်း ၂ သိန်းကျော် ရှိပြီး မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ၁ သိန်းကျော်ရှိတာကို ထောက်ပံ့ပေးဖို့လုပ်ပေးပါလို့ တောင်းဆိုသွားတာကြောင့် မျောက်ပြဆန်တောင်းဆိုတဲ့ အဆင့်ကို တော်တော်ကျော်သွားတယ်လို့ ပြောဆိုခဲ့တာပါ။

စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီမျောက်ကိုပဲ ထိုးထိုးပြပြီးတော့ အဲ့မျောက်ကိုပဲ ကမ္ဘာကိုလှည့်ပြီးရောင်းနေတာ မျောက်ကလည်ရောင်း အဆင့်ဖြစ်သွားတယ်။ မျောက်ပြဆန်တောင်းမဟုတ်ဘူး မျောက်ပြလည်ရောင်းဖြစ်နေတာ။ ကျွန်တော်တို့ကတော့ အဲ့လိုပဲမြင်ပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်တာကြောင့် ပြည်သူလူထု လိုလားတောင်းတတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ကိုအခြေခံနဲ့စနစ်ကို အာမခံပြီးဖြစ်သလို အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီးတော့ နိုင်ငံခြားရေးမူဝါဒနဲ့အညီ လိုအပ်တဲ့ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာရဲ့ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံခဲ့တဲ့အပေါ်မှာ ခုလိုမျိုး တုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း ဒီကိစ္စ  ၅ ကြိမ်အထိ ကန့်ကွက်စာထုတ်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013