DVB Logo
Home
မြန်မာသတင်း
သေ့ဘော့ဘိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆ ဦးကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
DVB
·
May 19, 2022
သေ့ဘော့ဘိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆ ဦးကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
1 / 10
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သေ့ဘော့ဘိုးကျေးရွာအနီးက စစ်ကောင်စီရဲ့တပ်စခန်းကို မေ ၁၈ ရက် မွန်းလွဲပိုင်းမှာ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၆ ယောက်ကို အရှင်ဖမ်းမိပြီး  လက်နက်မျိုးစုံ ၁၂ လက်နဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့  ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ မနက် ၉ နာရီက စတင်ပြီး  စစ်ကောင်စီရဲ့ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီလောက်အထိ တိုက်ပွဲချိန်ကြာမြင့်ခဲ့ပြီး ရန်သူ့တပ်စခန်းကို ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး နိုင်အောင်၊ တပ်ကြပ်ကြီး တင်စိုး၊ တပ်ကြပ် ကျော်ထွန်း၊ ဒုတပ်ကြပ် မျိုးလင်းဇော်၊ တပ်သားမောင်ထိုက်နဲ့ တပ်သား နိုင်လင်းအောင်တို့ ၆ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ရာ စစ်သုံ့ပန်း စည်းမျဉ်း၊ ဥပဒေတွေနဲ့ အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေကို ဆောင်ရွက်ပေးထားတယ်လို့ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူအနည်းဆုံး ၁၀ ယောက်လောက်ရှိနိုင်ပြီး ဒီနေ့မနက်လည်း သေ့ဘောဘိုးကျေးရွာအနီးကမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နောက်ထပ် ၂ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ကေအန်အယ်လ်အေ သတင်းရင်းမြစ်ကပြောပါတယ်။  

မနေ့က တိုက်ပွဲမှာ ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးပြီး ၄ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ၈၁ မမ တာဝေး စိန်ပြောင်း  ၁ လက်၊ ၆၀ မမ တာဝေးစိန်ပြောင်း ၁ လက်၊ MA -10 အမျိုးအစား RPG  ၁ လက်၊ ၆၀ မမကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ MG - 3 စက်လတ် ၁ လက်၊ MA - 2 ၄ လက်၊ MA - 3  ၂  လက်၊ MA - 5  ၁ လက် ၊ ၆၀ မမ ဗုံးသီး  ၁၀ လုံး၊ ၈၁ မမ  ၁၄  လုံး၊ RPG ဗုံးသီး  ၄၆ လုံး ယမ်းတောင့်  ၁၆ တောင့်၊ တိုက်မိုင်း  ၅ လုံး၊ ကျည်ကာ အင်္ကျီ  ၃ ထည်၊ နင်းမိုင်း အကြီး ၃ လုံး၊ နင်းမိုင်းအသေး ၅ လုံး၊ အချက်ပြ သေနတ် ၂ လက်၊ ဒရုန်း ၁ စီး၊ မှန်ဘီလူး၂ လက်၊ ကျည်ကာဦးထုတ် ၄ လုံး သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါအပြင် ကျည်ဘောက် ၂၇ ခု၊ ဆက်သွယ်ရေးစက် TS-2000  ၁ ခု၊ သံလိုက်အိမ်မြှောင် ၁ ခု၊ မြေပုံ ၁ ချပ်၊ မိုင်းရှာစက် ၁ ခု၊ လျို့ဝှက်စာရွက်စာတမ်း (အစုံ)၊ ဆက်သွယ်ရေးစက် ဘက်ထရီ ၁ ခု၊ စက်လတ်ကျည်ခါးပတ်တွဲ  ၁ ခု၊ ၅.၅၆ ကျည်  ၃၀၀၀ တောင့် ခန်၊ ၇.၆၂ ကျည်  ၄၀၀၀ တောင့်ခန့်၊ အချက်ပြကျည် ၁၀ တောင့်၊ ဆက်သွယ်ရေးစက် အသေး ၁ လုံး၊ ဂျန်မာစက် ၁ လုံးတို့အား (ကနဦး) သိမ်းဆည်းရမိခဲ့ပါတယ်။

သေ့ဘောဘိုးစခန်းကို တိုက်ခိုက်သိမ်းပိုက်နေစဉ်တလျှောက်လုံး စစ်ကောင်စီက လေကြောင်းကနေ ATR - 42 အမျိုးအစား ကင်းထောက်လေယာဉ် ဝဲပျံခဲ့သလို မှော်ဘီနဲ့ တောင်ငူ လေတပ်စခန်းက အမောင်းသင် တိုက်ခိုက်ရေးလေယာဉ် Yak- 130 အမျိုးအစား ၂  စီး၊ ဗုံးကြဲ‌ လေယာဉ် အမျိုးအစား K-8 လေယာဉ် ၂ စီး၊ ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် MiG -29  ၁ စီးဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုပေါင်း  ၃၅  ကြိမ် ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသကို ကော်ဘရာစစ်ကြောင်းနဲ့ပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်နေကြပြီး တိုက်ပွဲကြောင့် သေ့ဘောဘိုးနဲ့ ပတ်ဝန်းကျင် ကျေးရွာတွေက ရွာသား ၃၀၀ လောက် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှာင် ထွက်ပြေးခဲ့ကြရပါတယ်။

Photo- Cobra

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013