DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲပြင်းထန် ဆက်လက်ဖြစ်ပွား
DVB
·
May 18, 2022
ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲပြင်းထန် ဆက်လက်ဖြစ်ပွား
1 / 2
Donate to DVB

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်း ဆီးမီးလော့ကျေးရွာအနီးမှာ မေလ ၁၈ ရက်  ဒီကနေ့မနက် ၇ နာရီကျော်ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဖယ်ခုံမြို့အရှေ့ဘက်ကမ်းဒေသဆီ ထိုးစစ်ဆင်လာတဲ့ မိုးဗြဲအခြေစိုက် စစ်ကောင်စီရဲ့  ခမရ-၄၂၂ နဲ့ KNDF-B03 တို့အကြား တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး မွန်းလွဲ ၂ နာရီထိ အပြန်အလှန် ပစ်ခတ်နေဆဲပဲလို့ KNDF-B03 တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း လွိုင်ကော်အမြောက်တပ် ခမရ ၄၂၂ တပ်တွင်းကနေပြီး လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေပါတယ်။

ဒီကနေ့တိုက်ပွဲအတွင်း KNDF-B03 တပ်ခွဲ ၄ မှ ရဲဘော် တယောက်  ကျဆုံးခဲ့ရသလို နောက်တယောက်လည်း  ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့ မေ ၁၇ ရက်ကလည်း အဆိုပါ ဆီးမီးလော့ကျေးရွာအနီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် ကျဆုံးခဲ့ပါတယ်။

အလားတူ ဒီးမော့ဆိုမြို့မဈေးအတွင်းမှာလည်း KNDF BO-19 နဲ့ စစ်ကောင်စီတို့အကြား  မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ယောက် ကျဆုံးခဲ့ကြောင်း KNDF BO019 က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လက်နက်တချို့လည်း သိမ်းဆည်းရမိခဲ့ပါတယ်။

အခုရက်ပိုင်း ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဖယ်ခုံ၊ မိုးဗြဲမြို့တွေက ကျေးရွာပေါင်း ၃၅ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဆောင်နန်းခဲကျေးရွာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013