DVB Logo
Home
မြန်မာသတင်း
စစ်အင်ဂျင်နီယာတပ်မှ တပ်ကြပ် ၂ ဦး KNDO တပ်ဖွဲ့နှင့် ပူးပေါင်း
DVB
·
May 14, 2022
စစ်အင်ဂျင်နီယာတပ်မှ တပ်ကြပ် ၂ ဦး KNDO တပ်ဖွဲ့နှင့် ပူးပေါင်း
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်စစ်ဗျူဟာကုန်းမှာ တာဝန်ကျတဲ့ စစ်ကောင်စီတပ်မှ  တပ်ကြပ် ၂ ယောက်  မေလ ၁၂ ရက်မှာ KNDO ကရင်လက်နက်ကိုင်အဖွဲ့နဲ့ပူးပေါင်းလာတယ်လို့  KNLA တပ်ဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီတပ်အတွင်းမှာ ဖိနှိပ်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် ဘက်ပေါင်းစုံခံနိုင်ရည် မရှိတော့တဲ့အတွက် KNLA တပ်ဘက်နဲ့ အဆင့်ဆင့် ဆက်သွယ်မှုရယူပြီး နီးစပ်ရာ KNDO လုံခြုံရေးတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောအဲ့မြထူးထံမှာ ပူးပေါင်းခဲ့တာလို့ ဝင်ရောက်လာတဲ့ တပ်ကြပ်တယောက်က ပြောပါတယ်။ 

ဝေါလေမြိုင်မှ အခြေချထားတဲ့စစ်ကောင်စီ ဗျူဟာကုန်းမှာ လက်နက်ကြီးတပ်ဖွဲ့၊ ခြေလျှင်တပ်ဖွဲ့နဲ့ စစ်အင်ဂျင်နီယာတပ်ဖွဲ့ရှိရာ အခု KNDO နဲ့ ပူးပေါင်းလာသူတွေကတော့ စစ်အင်ဂျင်နီယာတပ် အမှတ် ၉၀၄ တပ်ရင်းက တပ်ကြပ် ပြုံးချိုအသက် ၂၂ နှစ်နဲ့ ဝင်းနိုင် အသက် ၃၂ နှစ်တို့ ဖြစ်ကြပါတယ်။

သူတို့နဲ့အတူ MA1 တလက်၊  MA3 တလက်၊ ကျည်ဆန် ၁၇၅ တောင့်၊  လက်ပစ်ဗုံး ၄ လုံး  ပါလာပြီး ဒုတိယဗိုလ်မှူးကြီးစောအဲ့ထူးက ကြိုဆိုလက်ခံကြိုဆိုခဲ့ကာ လိုအပ်တဲ့ ထောက်ပံ့မှုတွေနဲ့အတူ  တစ်ဦးလျှင် ဘတ်ငွေ ၆၀၀၀၀ ကူညီပံ့ပိုးပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013