DVB Logo
Home
မြန်မာသတင်း
ရခိုင်၌ အလုပ်အကိုင်ရှားပါးသဖြင့် ပြည်ပခိုးထွက်သူများပြီး လူကုန်ကူးမှု ပိုကြီးထွားလာနေ
DVB
·
May 12, 2022
ရခိုင်၌ အလုပ်အကိုင်ရှားပါးသဖြင့် ပြည်ပခိုးထွက်သူများပြီး လူကုန်ကူးမှု ပိုကြီးထွားလာနေ
Donate to DVB

ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါး‌နေတာကြောင့် ထိုင်း၊ မလေးရှား အပါအဝင် ပြည်ပနိုင်ငံတွေမှာ တရားမဝင် သွားရောက်လုပ်ကိုင်သူတွေ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း ပိုများပြာလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့ ပွဲစားဖြစ်သူအား သိန် ၆၀ ပေးခဲ့ရပြီး ရန်ကုန်ရွှေပြည်သာမှာ ဖမ်းဆီးခံရကာ မောင်တောခရိုင်ကို ပြန်ပို့ခံခဲ့ရတဲ့ ဘူးသီးတောင်မြို့နယ်က နုရ်လာမိန်(ခ)မောင်ကျော်စိုးက ရခိုင်ပြည်အတွင်း အလုပ်အကိုင်ရှားပါးတာကြောင့် သွားရောက်ရတာလို့ ပြောပါတယ်။

“ဘူးသီးတောင်ကနေ စစ်တွေကို ရောက်တယ်။ စစ်တွေက ပွဲစားနေအိမ်မှာ ၇ ရက်တပတ်လောက် နေခဲ့တယ်။ အဲဒီကတဆင့် ရန်ကုန်ကို ရောက်တယ်။ ပွဲစားက လာကြိုတယ်၊ ကားနဲ့ ပါသွားတယ်။ ရွှေပြည်သာက ပွဲစားအိမ်မှာ ရက်ပေါင်း ၂၀ လောက်နေခဲ့တယ်။ ပွဲစားကို တယောက်ကို သိန်း ၆၀ စီ ပေးလိုက်ရတယ်။ ဒီနေ့ ပို့မယ်၊ မနက်ဖြန် ပို့မယ်နဲ့ မပို့ဘူး။ သူတို့ ထွက်ပြေးသွားကြတယ်။ နောက်တရက်မှာ ရဲတွေ လာဖမ်းတယ်။ ဒီလိုသွားရတာက ဒီမှာ ဘာအလုပ်အကိုင်မှ မရှိဘူးလေ၊ အဲဒါကြောင့် အဆင်ပြေတဲ့နေရာတွေကို သွားကြတာ။ အစိုးရကို ကျနော်တို့ တောင်းဆိုချင်တာက ဒီဒေသမှာ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ ပြောချင်ပါတယ်။" 

ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတွေကို အလုပ်လုပ်ကိုင်နိုင်ဖို့ ပွဲစားတွေကတဆင့် သွားလာသူ များပြားလာနေပြီး တဦးကို ပွဲစားခ ကျပ်သိန်း ၆၀ အထိ ပေးနေရတာလို့ သွားရောက်သူတွေက ပြောပါတယ်။

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးထွန်းလှစိန်ကတော့ ရခိုင်ပြည်နယ်က အကောင်အထည်ဖော်ဆောင်ခဲ့တဲ့ စက်မူဇုန်တွေ အောင်မြင်ခဲ့ခြင်းမရှိသလို အစိုးရ ခေတ်အဆက်ဆက်၌ အလုပ်အကိုင်အခွင့်အလမ်းတွေ‌ ဖန်တီးပေးနိုင်မှု နည်းပါးခဲ့တဲ့အတွက် အခုလို ပြဿနာတွေ ဖြစ်လာရတာလို့ ပြောပါတယ်။

“အဲဒီလို အလုပ်အကိုင် အခွင့်အလမ်းတွေကို အစိုးရအဆက်ဆက် မလုပ်ဆောင်ပေးနိုင်ခဲ့ကြဘူး။ ဒါကြောင့် ဘင်္ဂါလီတွေတောင်မက ရခိုင်တွေပါ အလုပ်အကိုင်ရရှိဖို့ နိုင်ငံခြားကိုပဲ ထွက်သွားလာကြတာ များလာနေတယ်။ အဲဒီလို ပြည်ပကို ထွက်တဲ့အချိန်မှာလည်း လူကုန်ကူးမှု ဖြစ်လာတယ်။ လူကုန်ကူးမှုက စီးပွားရေးလုပ်ငန်းတခုလို ဖြစ်လာတယ်။ ဂိုဏ်းဂဏတွေနဲ့ လုပ်ကိုင်လာကြတယ်။ ဘူးသီးတောင်၊ မောင်တောမှာဆို ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာတယ်။ ဒါကြောင့် ဘင်္ဂါလီတွေရော တိုင်းရင်းသားတွေပါ ဘယ်လိုမှ အနာဂတ် မရပ်တည်နိုင်တဲ့ အခြေအနေမှာရှိလာနေတယ်။ အဲဒါကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိမယ့် ပြည်ပကို ထွက်ခွာမှုများလာတာကြောင့် လူကုန်ကူးမှုတွေက များသထက် များလာနေတယ်။” 

ရခိုင်ပြည်နယ်ကနေ ပြည်ပကို ပွဲစားတွေနဲ့ ဆက်သွယ်ကာ တရားမဝင်လမ်းကြောင်းတွေက သွားရောက်နေသလို စစ်တွေမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့ခွဲရုံး (စစ်တွေ) မှာ လည်း ပတ်စ်ပို့လာလုပ်နေသူ ထိုင်းနိုင်ငံကို ၇၀ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံကို ၂၃ ရာခိုင်နှုန်း၊ စင်ကာပူ၊ ဂျပန်နဲ့ ကိုရီးယားကို ၇ ရာခိုင်နှုန်းလောက် ရှိတယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ အဖွဲ့ခွဲရုံး တာဝန်ရှိသူတွေဆီက သိရှိရပါတယ်။

အလုပ်အကိုင်အခွင့်အလမ်း မရှိတာကြောင့် ပြည်ပကို တရားမဝင်နဲ့ တရားဝင်လမ်းကြောင်းတွေကနေ သွားရောက်နေမှု ပပျောက်စေဖို့ ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်းတီးပေးဖို့နဲ့ စက်မှုဇုန်တွေ ပြန်လည်တည်ဆောက်ပေးဖို့ လိုအပ်နေတယ်လို့ လွှတ်ဆတာ်အမတ်ဟောင်း ဦးထွန်းလှစိန်က ပြောဆိုထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်း မောင်တောခရိုင်မှာ တရားစွဲဆိုခံခဲ့ရတဲ့ လူမှောင်ခိုမှု ၆ မှု အထိရှိခဲ့ပြီး အဲဒီထဲမှာ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ အမှုတွေ ရှိခဲ့သလို တရားခံပြေးအမှုတွေလည်း ရှိတယ်လို့ မောင်တောခရိုင် လူကုန်ကူးတာဆီးကာကွာရေးအဖွဲ့က သိရှိရပါတယ်။

ရခိုင်တပြည်နယ်လုံး အတိုင်းအတာနဲ့ လူမှောင်ခိုမှု ဘယ်လောက် ဖမ်းဆီးအရေးယူထားတယ်လို့ ပြည်နယ်လူကုန်ကူးတားဆီးနှိမ်နင်းရေးအဖွဲ့ရုံးအား ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တပ်ဖွဲ့စုမှူး ခွင့်ပြုချက်မရဘဲ ပေးလို့မရဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013