DVB Logo
Home
မြန်မာသတင်း
ခရီးသွားခွင့်မရသဖြင့် မောင်တောမှ မွတ်စလင်ကျောင်းသားများ တက္ကသိုလ် မတက်နိုင်သေး
DVB
·
May 11, 2022
ခရီးသွားခွင့်မရသဖြင့် မောင်တောမှ မွတ်စလင်ကျောင်းသားများ  တက္ကသိုလ် မတက်နိုင်သေး
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်မှာ ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် မောင်တောခရိုင်က မွတ်စလင် ကျောင်းသူ ကျောင်းသားတွေ ကျောင်းမအပ်နှံနိုင်သေးဘူးလို့ ကျောင်းသူ ကျောင်းသားတွေက ပြောပါတယ်။

စစ်တွေတက္ကသိုလ်မှာ မွတ်စလင် ကျောင်းသူကျောင်းသားတွေကို ကျောင်းအပ်နှံခွင့် ပြုထားပေမဲ့လည်း အဲဒါဟာ စစ်တွေမြို့မှာနေထိုင်တဲ့ မွတ်စလင်ကျောင်းသူ ကျောင်းသားတွေအတွက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မောင်တောင်ခရိုင်က မွတ်စလင်ကျောင်းသူ ကျောင်းသားတွေကတော့ ခရီးသွားလာခွင့် ကန့်သတ်ထားတာကြောင့် ကျောင်းမအပ်နှံနိုင်သေးတာလို့လည်း ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်ကနေ တက္ကသိုလ်တက်ရောက်မယ့် ကျောင်သားတဦးက "ကျနော်တို့ မောင်တောခရိုင်က တက္ကသိုလ်တက်ရောက်မယ့် ကျောင်းသူကျောင်းသားတွေကတော့ ဒီနေ့အထိ ကျောင်းမအပ်နှံနိုင်သေးပါဘူး။ ဘာအတွက်လဲဆိုတော သွားလာခွင့် ခွင့်ပြုချက်တွေ လျှောက်ထားနေရဆဲပါ။စစ်တွေကို သွားလို့ မရသေးလို့ပါ" လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပြီးနောက် မွတ်စလင် ကျောင်းသူကျောင်းသားတွေကို ၂၀၂၁ ခုနှစ်အထိ ၁၀ နှစ်ကြာ တက္ကသိုလ်တက်ရောက်ခွင့် ပိတ်ပင်ခံထားရတာပါ။

အခု ၂၀၂၂ ခုနှစ် ပညာသင်နှစ်မှာတော့ မွတ်စလင် ကျောင်းသူကျောင်းသားတွေကို စစ်တွေတက္ကသိုလ်မှာ ကျောင်းအပ်နှံခွင့် ပြုထားပေမဲ့ မောင်တောခရိုင်က မွတ်စလင် ကျောင်းသူကျောင်းသားတွေကတော့ ခရီးသွားလာခွင့် ကန့်သတ်ထားတာကြောင့် ကျောင်းအပ်နှံလို့ မရသေးတာလည်း ဖြစ်ပါတယ်။

စစ်တွေတက္ကသိုလ် ကျောင်းသားရေးရာဌာနမှ တာဝန်ရှိသူတဦးက "အရင်နှစ်တွေကလည်း မွတ်ဆလင် ကျောင်းသူကျောင်းသားတွေကို ကျောင်းဝင်ခွင့်စာရင်းထဲမှာ ပါရှိပါတယ်။ သူတို့ဆီလည်း အကြောင်းကြားစာတွေ ပို့ပေးခဲ့တယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်ကလည်း ဒေသမတည်ငြိမ်မှု အခြေအနေတွေကြောင့် တက္ကသိုလ်ကို လာရောက်ဆက်သွယ်တာ မရှိခဲ့ကြဘူး။ အခုနှစ်မှာတော့ မွတ်ဆလင် ကျောင်းသူကျောင်းသားတွေ လာရောက်ဆက်သွယ်ကြတယ်။ ဒါပေမဲ့ မောင်တောခရိုင်က ကျောင်းသူကျောင်းသားတွေ ပါဝင်သလားဆိုတာ အတိအကျ မသိရသေးဘူး" လို့ ပြောပါတယ်။

စစ်တွေမြို့နယ်ကမဟုတ်တဲ့ မွတ်စလင် ကျောင်းသားတွေဟာ စစ်တွေသွားရောက် နေထိုင်ဖို့ ဧည့်စာရင်းတိုင်ရပြီး အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ လဝကက ထုတ်ပြန်ထားတဲ့ အမိန့်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားတခုခု ကိုင်ဆောင်ရရှိထားမှသာ ခရီးသွားလာခွင့်ရှိမှာ ဖြစ်တဲ့အတွက် တက္ကသိုလ်တက်ရောက်နိုင်ဖို့ မွတ်စလင် ကျောင်းသားတွေ ကျောင်းအပ်နှံဖို့ ခက်ခဲနေတာလည်း ဖြစ်ပါတယ်။

အခုလို စစ်ကောင်စီက မွတ်ဆလင်ကျောင်းသူကျောင်းသားတွေကို လွတ်လပ်စွာ ကျောင်းအပ်နှံခွင့် ပေးတာဟာ ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင် အသိုင်းအဝန်းတွေကို ရက္ခိုင်တပ်တော် အေအေက စည်းရုံးပြီး ကျေးရွာတွေမှာ ရခိုင်နဲ့ မွတ်ဆလင် ဘောလုံးပွဲတွေ အတူကစားတာ၊ ကျင်ကိုင်ပွဲတွေအတူ ပြုလုပ်လာတာတွေကြောင့် စစ်ကောင်စီက ရခိုပြည်နယ်ရှိ မွတ်ဆလင်တွေကို အရင်က ခွင့်မပြုခဲ့တဲ့ လွတ်လပ်စွာ ကျောင်းအပ်နှံခွင့်ကို ပြန်ခွင့်ပြုလာတာလို့ ရခိုင်နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

လက်ရှိ စစ်တွေတက္ကသိုလ်မှာ နေ့ကျောင်းတက်ရောက်ဖို့ စစ်တွေမြို့က မွတ်စလင် ကျောင်းသား ၁၀ ယောက်ကျော် ကျောင်းအပ်နှံထားပေမဲ့ မောင်တောခရိုင်က မွတ်စလင်ကျောင်းသားတွေကတော့ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကြောင့် ကျောင်းအပ်နှံခွင့် မရရှိသေးကြပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013