DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် ဖုန်းအရောင်းဆိုင် ဓားပြတိုက်ခံရ၊ ကျပ်သိန်း ၁,၀၀၀ ဖိုးခန့် ပါသွား
DVB
·
May 11, 2022
မူဆယ်တွင် ဖုန်းအရောင်းဆိုင် ဓားပြတိုက်ခံရ၊ ကျပ်သိန်း ၁,၀၀၀ ဖိုးခန့် ပါသွား
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက် စည်ပင်ရုံးအနီးရှိ SAi Nyee မူဆယ် Second-Hand Mobile & Laptop Center အမည်ရှိ ဖုန်းအရောင်းဆိုင်မှာ မေ ၁၀ ရက် ညနေပိုင်းက ကျပ်သိန်း ၁,၀၀၀ ဖိုးလောက် ဖုန်းတွေ ဓားပြတိုက်ခံခဲ့ရပါတယ်။

မနေ့ညနေ ၃ နာရီ ၄၀ မိနစ်လောက်က ဆိုင်ရှေ့ကို ခဲရောင်ပါဂျဲယ်ရိုကားတစီး လာရပ်ပြီး လူ ၄ ယောက် ဆိုင်ထဲကို သေနတ်တွေနဲ့ချိန်ပြီး ဝင်ရောက်လာကြောင်း၊ ဆိုင်ထဲရှိလူတွေ လန့်ပြီး ဆိုင်အတွင်းခန်းဘက် ဝင်ရောက်ပုန်းအောင်းစဉ် မပြေးနိုင်ဘဲ ကျန်နေတဲ့ ဝန်ထမ်း ၂ ယောက်ကို သေနတ်နဲ့ချိန် ဒူးထောက်ခိုင်းကာ ဖုန်းတွေယူသွားတာလို့ ဆိုင်ရှင်ဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။

“ပါဂျဲယ်ရိုကား ဆိုင်ရှေ့တည့်တည့်ကို ထိုးရပ်လိုက်တာဗျ။ ပြီးတော့ သေနတ်တွေချိန်ပြီး ဆိုင်ထဲဝင်လာတယ်၊ ဘာဖြစ်မှန်းမသိတော့ ကျနော်တို့လည်း ထွက်ပြေးကြတာပေါ့။ ထွက်ပြေးလို့မရတဲ့ ဆိုင်ဝန်ထမ်းနှစ်ယောက် အထဲမှာကျန်ခဲ့တယ်။ သူတို့ကို သေနတ်နဲ့ချိန်ပြီးတော့မှ အိတ်တွေတောင်းတယ်၊ ပြီးတော့ ဖုန်းတွေထည့်ပြီး ယူသွားတယ်။ ကြာချိန်က ၁၀ မိနစ်လောက်ပဲရှိမယ်။ ဈေးဝယ်သူ ၂ ယောက်ဝင်လာပြီး အထိတ်တလန့် ပြန်ထွက်သွားတော့ သူတို့လည်း ကမန်းကတန်း ပြန်ထွက်သွားကြတယ်။ မဟုတ်ရင် ဆိုင်ထဲရှိတာ အကုန်ယူသွားမယ့်ပုံပဲ။ ၄ နာရီလောက်မှာ သူတို့ပြန်ထွက်သွားတယ်။”

ဓားပြတွေဟာ ကင်မရာ ၃ လုံးပါ အဆင့်မြင့်ဖုန်း အကောင်းစားတွေ အကုန်ယူဆောင်သွားကြောင်း၊ အိုင်ဖုန်း အလုံး ၅၀ ကျော် ပါသွားတာမို့ ခန့်မှန်းခြေ တန်ဖိုး ကျပ်သိန်းပေါင်း ၈၀၀ နဲ့ ၁,၀၀၀ ကြားမှာရှိနိုင်ကြောင်း၊ လူကိုတော့ ဘာမှလုပ်မသွားဘူးလို့ ဆိုပါတယ်။
စီစီတီဗွီကင်မရာမှ ပြန်ကြည့်တော့ အဲဒီပါဂျဲရိုးကားနံပါတ်မှာ 9L/5987 ဖြစ်ပြီး သူတို့ဝင်မလာခင် ရှေ့က လူတယောက် ဆိုင်ရှေ့မှာ မသင်္ကာစရာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတာ တွေ့ရတယ်လို့ ဆိုင်ရှင်က ပြောပါတယ်။

သူဟာ ဆိုင်ဓားပြတိုက်ခံရကြောင်း လိုက်ဖ်လွှင့်ခဲ့ပြီး ခဏအကြာ ရဲတွေရောက်လာကာ စစ်ဆေးမှတ်တမ်းတင်သွားတယ်လို့ ဆိုပါတယ်။

ဒီကနေ့ထိ ရဲဘက်က ဘာတွေဆောင်ရွက်ပေးနေလဲဆိုတာ မသိရကြောင်း၊ မူဆယ်မှာ ခိုးမှု၊ ဓားပြမှုတွေ မကြာခဏဖြစ်နေပြီး ရဲဘက်က တရားခံကို ဖမ်းမိလေ့မရှိတာကြောင့် ပစ္စည်းတွေ ပြန်ရဖို့လည်း မမျှော်လင့်တော့ကြောင်း၊ ဒီဆိုင်လေးဖြစ်လာဖို့ သုံးလေးနှစ်ကြာ ကြိုးစားရှာဖွေလာခဲ့တာ ခုလိုဖြစ်သွားတော့လည်း အစကနေ ပြန်စရတော့မယ်လို့ ဆိုင်ရှင်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013