DVB Logo
Home
မြန်မာသတင်း
မန္တလေး UFL ဆရာအယောက် ၆၀ နီးပါးကို ယာယီတက္ကသိုလ်ကောင်စီက အမည်ပျက်စာရင်းသွင်း
DVB
·
May 11, 2022
မန္တလေး UFL ဆရာအယောက် ၆၀ နီးပါးကို ယာယီတက္ကသိုလ်ကောင်စီက အမည်ပျက်စာရင်းသွင်း
Donate to DVB

စစ်အာဏာရှင်နဲ့ တသားတည်း ရပ်တည်နေပြီး ဆက်လက်တာဝန်ထမ်းဆောင်နေကြတဲ့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ဆရာဆရာမ ၅၈ ယောက်ကို ယာယီတက္ကသိုလ်ကောင်စီက ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကာ အမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

တက္ကသိုလ်ကောင်စီအနေနဲ့ ဖော်ပြပါ အရာထမ်းတွေကို အမှန်တရားဘက်မှာ ပြည်သူနဲ့အတူရပ်တည်ဖို့ အချိန်ယူကာ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ သူတို့ဟာ ရပ်တည်ချက် ပြောင်းလဲလာခြင်းမရှိဘဲ စစ်အာဏာရှင်နဲ့ တသားတည်း ရပ်တည်နေတာကြောင့် ခုလိုအမည်ပျက်စာရင်းသွင်းလိုက်တာဖြစ်ပြီး ထပ်မံရရှိတဲ့ အချက်အလက်တွေကိုလည်း ထပ်တိုး ထုတ်ပြန်ကြေညာသွားမယ်လို့ ဆိုပါတယ်။

ခုလို ထပ်တိုးထုတ်ပြန်ထားတဲ့ အမည်ပျက်စာရင်းသွင်း အရာထမ်းတွေထဲမှာတော့ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းနဲ့ မြန်မာစာဌာနတွေ အသီးသီးက ပါမောက္ခ၊ တွဲဘက်ပါမောက္ခ၊ ကထိက၊ လက် ထောက်ကထိက၊ နည်းပြစတဲ့ ရာထူးတွေ အသီးသီးက ပါဝင်နေပါတယ်။

ဒီမတိုင်ခင်ကလည်း စစ်အုပ်စုလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင့်တင့်အပါအဝင် ဒုတိယပါမောက္ခချုပ် ၃ ယောက်တို့ကို ယာယီတက္ကသိုလ်ကောင်စီက ဧပြီ ၃၀ ရက်မှာ အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ကိုဗစ်-၁၉ ကပ်ဘေးအပြင် စစ်အာဏာသိမ်းမှုနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ကြရတာမို့ ပညာရေးကဏ္ဍမှာလည်း တက္ကသိုလ်တွေ၊ အခြေခံပညာကျောင်းတွေကို ပိတ်ထားခဲ့ကြရတဲ့အပြင် စစ်အာဏာ ရှင်စနစ်ဆိုးအောက်မှာ ဆက်လက်ပြီးတော့ ပညာမသင်ကြားရေးလှုပ်ရှားမှုတွေနဲ့အတူ ကျောင်းသားတွေရော မိဘပြည်သူတွေပါ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ်ဆက်ကာ ကြားကာလပညာရေးအတွက် တော်လှန်ရေးကျောင်းအဖြစ် အခမဲ့အခြေခံပညာအဖွဲ့အစည်းတခုဖြစ်တဲ့ Free Online Educational Institution Myanmar (FOEIM) က ကျောင်းတွေ ဖွင့်လှစ်သင်ကြားနေသလို အဆင့်မြင့်ပညာအဆင့်မှာလည်း နွေဦးတက္ကသိုလ်လို တော်လှန်ပညာရေးအဖွဲ့အစည်းတွေက ဘာသာရပ်ဆိုင်ရာ သင်တန်းတွေအသီးသီး သင်ကြားပေးနေတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013