DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁ နှစ် ယာယီ ရပ်ဆိုင်း
DVB
·
May 10, 2022
မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁ နှစ် ယာယီ ရပ်ဆိုင်း
Donate to DVB

ဦးဇင်အောင် ခေါင်းဆောင်တဲ့ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်ဆီက လာရောက်အစစ်ဆေးမခံတာကြောင့်ဆိုပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတာကနေ တနှစ် ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။

ပါတီအနေနဲ့ ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းတွေနဲ့ ပတ်သက်ပြီး စစ်ဆေးခံနိုင်ရေး လာရောက်ဖို့ ၂ ကြိမ်တိုင်တိုင် အကြောင်းကြားခဲ့ပေမယ့် ပျက်ကွက်ခဲ့​တယ်လို့ စစ်ကောင်စီရဲ့ ကော်မရှင်က ပါတီကို ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မေ ၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်၊ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတာကနေ တနှစ် ယာယီရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့​တယ်လို့ ဆိုပါတယ်။

ယာယီရပ်ဆိုင်းထားတဲ့ မေ ၃ ရက်ကစလို့ တနှစ်ကာလအတွင်း ပါတီအနေနဲ့ ကော်မရှင်က ညွှန်ကြားထားတဲ့ ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းတွေ စစ်ဆေးခံနိုင်ရေးဆောင်ရွက်တာ လွဲလို့ ကျန်လုပ်ငန်းအားလုံးကိုလည်း ရပ်ဆိုင်းထားရမယ်လို့ ဆိုပါတယ်။

ယာယီရပ်ဆိုင်းထားတဲ့ ကာလကုန်ဆုံးတဲ့အထိ လာရောက်အစစ်ဆေးမခံရင်တော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄(င)အရ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတာကနေ ပယ်ဖျက်ပြီး ပါတီကိုလည်း ဖျက်သိမ်းမယ်လို့ ဆိုပါတယ်။

ဦးဇင်အောင်နဲ့ ဦးသိန်းထွန်းတို့ ခေါင်းဆောင်တဲ့ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၂၀၁၁ ခုနှစ်မှာ မှတ်ပုံတင်ထားတာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်ထဲမှာ လူ့ဘောင်သစ်အမည်ပါတဲ့ ပါတီ စုစုပေါင်း ၃ ပါတီရှိပြီး အဲဒါပါတီတွေကတော့ လူ့ဘောင်သစ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)နဲ့ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013