DVB Logo
Home
မြန်မာသတင်း
နတ်မောက်မြို့နယ်၌ မူးယစ်ဆေး ကျပ်သန်းပေါင်း ၁၂,၀၀၀ ဖိုးခန့် ဖမ်းဆီးရမိ
DVB
·
April 6, 2026
Photo: MOI
Photo: MOI
Donate to DVB

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ရခိုင်ပြည်နယ်ကိုပို့မဲ့ မူးယစ်ဆေးပြား ကျပ်သန်းပေါင်း ၁၂,၀၀၀ ဖိုးလောက် ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဌာနက ဧပြီ ၅ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်းပေးချက်အရ ရမည်းသင်းမြို့ကနေ ပဒါန်းမြို့ကို ဧပြီ ၄ ရက်မှာ မူးယစ်ဆေးဝါးတွေ ပို့မယ်လို့ သိရတာကြောင့် ဖမ်းဆီးဖို့လုပ်ခဲ့ပြီး နတ်မောက်မြို့နယ်၊ ရွာတော်စစ်ဆေးရေးဂိတ်မှာ မျိုးမင်းအောင်နဲ့အတူ TOYOTA PRADO ကားတစီး၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်းကျေးရွာနားမှာ မင်းမင်းခိုင် မောင်းနှင်ပြီး လှိုင်ဝင်း လိုက်ပါလာတဲ့ ထော်လာဂျီကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ထော်လာဂျီပေါ်မှာ ထုံးအိတ်တွေနဲ့ ဖုံးအုပ်သယ်လာတဲ့ ဆာလာအိတ် ၃၉ အိတ်ထဲကနေ စိတ်ကြွရူးသွပ်ဆေးပြား ၇၈ သိန်း၊ ကာလတန်ဖိုးငွေ ကျပ်သန်းပေါင်း ၁၁,၇၀၀ လောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်အရ ဝမ်ဟိုင်းဒေသက မူးယစ်ဆေးဝါးတွေကို ပင်လောင်းမြို့နယ်၊ တီဂျစ်ကျေးရွာနေ ကျော်ဝင်းအောင် (ခ) ပအို့ဝ်က ကလောမြို့နယ်၊ ဘွန်ယွာကျေးရွာနားကို ပို့ပေးခဲ့ပြီး သူကခိုင်းလို့ မျိုးမင်းအောင်၊ မင်းမင်းခိုင်နဲ့ လှိုင်ဝင်း တို့က ထော်လာဂျီနဲ့ ဘွန်ယွာကျေးရွာကတဆင့် ရမည်းသင်း-ပျော်ဘွယ်-နတ်မောက်-မကွေး လမ်းကြောင်းအတိုင်း ပဒါန်းမြို့နယ်ကို ပို့မှာဖြစ်တယ်လို့ ထုတ်ပြန်ဖော်ပြပါတယ်။

ပဒါန်းမြို့နယ်ကတဆင့် ရခိုင်ပြည်နယ်၊ အမ်းမြို့မှာရှိတဲ့ AA ရဲ့ မြို့နယ်မှူးအဆင့်ရှိသူဆီကို ပို့မယ်လို့လည်း ဖော်ပြထားပြီး ဘယ်သူ့ဆီကိုလဲ ဆိုတာတော့ စိစစ်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကျော်ဝင်းအောင် (ခ) ပအို့ဝ်ကို ဖမ်းမမိသေးဘဲ ပုံမှန်ဆိုရင်တော့ အခုလို ပမာဏများတဲ့ မူးယစ်ဆေးအမှုတွေမှာ ဆက်စပ်သူတွေ ဖမ်းမိနိုင်အောင် ကြိုးစားပြီး ရက်တော်တော်ကြာမှ ထုတ်ပြန်လေ့ရှိပေမဲ့ အခုတော့ ဖမ်းမိပြီးတာနဲ့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ဘက်ကိုပို့မဲ့ မူးယစ်ဆေးတွေ ဖမ်းမိတိုင်း AA နဲ့ ပတ်သက်တယ်လို့ ထုတ်ပြန်လေ့ရှိပြီး AA ကတော့ ငြင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013