DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်ဖွင့်ပေးခဲ့သည့် MRTV media မိုဘိုင်းအပလီကေးရှင်း တရက်အကြာ၌ ဖယ်ရှား ခံရ
DVB
·
May 6, 2022
စစ်ခေါင်းဆောင်ဖွင့်ပေးခဲ့သည့် MRTV media မိုဘိုင်းအပလီကေးရှင်း တရက်အကြာ၌ ဖယ်ရှား ခံရ
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် အခမ်းအနားနဲ့ တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ MRTV media မိုဘိုင်းအပလီကေးရှင်းဟာ အွန်လိုင်းပေါ် တင်ပြီး တရက်အကြာမှာပဲ google play store နဲ့ Apple App Store တွေကနေ ဖယ်ရှားဖြုတ်ချခံလိုက်ရတယ်လို့ သိရပါတယ်။ 

မိုဘိုင်းအပလီကေးရှင်းတွေကို ထုတ်ပြန်တဲ့ Apps Web Social LLC ကနေ ဖြုတ်ချလိုက်တာဖြစ်ပြီး သတင်းတု သတင်းမှားတွေနဲ့ အမုန်းစကားတွေ ဝါဒမှိုင်းတိုက်ဖို့ ကြိုးစားတဲ့ MRTV အပလီကေးရှင်းကို ဖယ်ရှားလိုက်တဲ့အပေါ် ကြိုဆိုကြောင်း Justice for Myanmar က ထုတ်ပြန်ထားပါတယ်။

အဲဒီ့ အပလီကေးရှင်း ဖွင့်ပွဲအခမ်းအနားကို မေလ ၄ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့စဉ် မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေတွေကို မီဒီယာတွေကနေ သတင်းတု သတင်းမှား အမုန်းစကားများ၊ ကောလာဟလများထုတ်လွှင့်ပြီး  တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုတွေ ပြုလုပ်နေကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။ 

အခု​အပလီကေးရှင်းကို ပြည်ပထိုးဖောက်ဖို့ ထောင်ကထွက်လာကတည်းက  ၈ လကျော်ကြာ လုပ်ယူခဲ့ရကြောင်း အပလီကေးရှင်းကို တည်ဆောက်ခဲ့တဲ့ MSG company ပိုင်ရှင် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဘူးလက်လှဆွေက ထုတ်ဖော်ပြောကြားထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စစ်ခေါင်းဆောင် အပါအဝင် စစ်တပ်နဲ့ဆက်နွှယ်တဲ့ စာမျက်နှာတွေ၊ mrtv မြန်မာ့ရုပ်မြင်သံကြား စာမျက်နှာတွေအကုန်လုံးကို ဖေ့စ်ဘွတ်ခ် ရှယ်မီဒီယာကနေ ဖယ်ရှားခြင်းခံခဲ့ရတဲ့အပြင် mrtv channel နဲ့ စစ်ကောင်စီ လက်အောက်ခံ ရုပ်သံလိုင်း ချန်နယ် ၁၀ ခုကျော်ကိုလည်း ဂူဂယ်လ်ရဲ့ ယူကျု့ပလက်ဖောင်းကနေ ပိတ်ပင်ခဲ့ပါတယ်။ 

အွန်လိုင်းပေါ် လူသုံးများတဲ့ လူမှုကွန်ရက်တွေမှာ တရားဝင်ရပ်တည်နိုင်ခြင်းရှိမနေတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ အခုလို ဂြိုဟ်တုနဲ့ တိုက်ရိုက်ဆက်သွယ်မှုဆားဗစ် အသုံးပြုထားတယ်ဆိုတဲ့ မိုဘိုင်းအပလီကေးရှင်းတခု ဖန်တီးထုတ်လွှင့်ရာမှာလည်း ထပ်မံဖယ်ရှားခံနေရတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ youtube လိုမျိုး video Streaming Platform တခုအနေနဲ့ M Tube video Streaming Platform တခုကိုလည်း ရေးဆွဲတည်ဆောက်နေပြီး မကြာခင်ထုတ်ပြန်သွားဦးမယ်လို့ စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီး ဦးမောင်မောင်အုန်းက နေပြည်တော် MRTV media ထုတ်လွှင့်ပွဲတုန်းက ထည့်သွင်းပြောကြားသွားပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013