DVB Logo
Home
မြန်မာသတင်း
ဒေါက်တာစင်သီယာမောင် 2022 Gwangju Prize ဂွမ်ဂျူး လူ့အခွင့်အရေးဆုရရှိ
DVB
·
May 3, 2022
ဒေါက်တာစင်သီယာမောင် 2022 Gwangju Prize ဂွမ်ဂျူး လူ့အခွင့်အရေးဆုရရှိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ တိုင်းရင်းသား ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ကူညီပေးနေတဲ့ မယ်တော်ဆေးခန်း တည်ထောင်သူ  ဒေါက်တာ စင်သီယာမောင်ကို  တောင်ကိုရီးယားနိုင်ငံက ၂၀၂၂ ခုနှစ်အတွက်  Gwangju Prize ဂွမ်ဂျူး လူ့အခွင့်အရေးဆု ပေးအပ် ချီးမြှင့်လိုက်ပါတယ်။ 

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ကမ္ဘာတဝန်း သွေးစည်းညီညွတ်ရေးအတွက် မြှင့်တင်လုပ်ဆောင်နေတဲ့  ဂွမ်ဂျူးမြို့ ဒီမိုကရေစီအရေးတော်ပုံ အမှတ်တရ တည်ထားထားတဲ့ မေ ၁၈ အမှတ်တရဖောင်ဒေးရှင်းကနေ အခုလို ဆုရွေးချယ်ပေးအပ်လိုက်တာ ဖြစ်ပါတယ်။   

အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် ဒေါက်တာစင်သီယာမောင်ရဲ့ လူသားချင်းစာနာမှု လုပ်ဆောင်ချက်တွေဟာ ပြည်သူတွေရဲ့ ဘဝတွေကို ကယ်တင်ပေးရာ ရောက်ပြီး အနာဂတ် မြန်မာပြည်အတွက် မျှော်လင့်ချက် ဖြစ်လာပြီလို့ ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။

ဒေါက်တာစင်သီယာမောင် အမြဲပြောသလို ဒီဆုရတာဟာ သူ့ရဲ့ မမောမပန်းလုပ်ဆောင်ချက်တွေ တခုတည်းအတွက်သာမကဘဲ ကာလရှည်ကြာပဋိပက္ခ၊ ဆင်းရဲမွဲတေမှုနဲ့ မရေမတွက်နိုင်တဲ့  ဒုက္ခတွေ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက်   မယ်တော်ဆေးခန်းက ဝန်ထမ်းတွေ၊ မိတ်ဘက်အဖွဲ့အစည်းတွေရဲ့ ပါဝင်ထောက်ပံ့ကူညီမှုကြောင့် ရတဲ့ဆုဖြစ်တယ်လို့ မယ်တော်ဆေးခန်းကနေ ထုတ်ပြန်ထားပါတယ်။ 

ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၄ ခုနှစ်က ရရှိခဲ့ဖူးပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ၂၀၀၉ ခုနှစ်မှာ ရှရှိခဲ့ဖူးပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ အာရှရဲ့ နိုဘယ်ဆုလို့ တင်စားခံရတဲ့ ရေမွန် မက်ဆေးဆေးဆု အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာက ပေးအပ်တဲ့ဆုတွေ အများအပြားလည်း  ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013