Home
မြန်မာသတင်း
ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၏ ဈာပနကျင်းပ (ဓာတ်ပုံ)
DVB
·
May 2, 2022
279567288_1507267493008711_7013171380302746147_n
279456764_5036657273076983_8568302491266609355_n
279199666_721486115940598_7878385462735331910_n
279035484_507987784387403_1251917953498963035_n
279005544_530709695437383_4674853876927088091_n
279005544_523467032580229_2607180215023184839_n
278984897_977183439664860_8122190382558438687_n
278925626_1113376695890274_6144883324161913333_n
278821788_542715564141379_3315544712038868183_n
278816432_1077014242849776_4724143475253134658_n
278806560_1007648530145666_3809673457773172619_n
278753145_5002354536527217_72249524673926437_n
278507125_684901855951093_4084073598900092174_n

ကွယ်လွန်သွားပြီဖြစ်တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးရဲ့ ဈာပနကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ မေလ ၂ ရက် ဒီနေ့ ညနေက ကျင်းပ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

ဈာပနကို မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေတွေ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ၊ တိုင်းရင်းသားတွေတက်ရောက်ခဲ့ကြပြီး နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်းတွေက လွမ်းသူ့ပန်းခွေတွေ ပေးပို့ ဂုဏ်ပြုခဲ့ကြပါတယ်။ 

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို စတင်ထူထောင်ရာမှာ ပါဝင်ခဲ့သူလည်းဖြစ်တဲ့ ပါတီ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၃၀ ကျော်တာဝန်ယူခဲ့တဲ့  ဦးခွန်ထွန်းဦးဟာ   ဧပြီ ၃၀ ရက်က ရန်ကုန်မြို့ ရှိ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပြီဖြစ်ပါတယ်။

ဦးခွန်ထွန်းဦးရဲ့ ကြွင်းကျန်ရစ်တဲ့ အရိုးပြာတွေကို ရှမ်းပြည်နယ် လွယ်မုပ်တောင်ပေါ်ရှိ သီပေါတော်ဝင်မိသားစု ရဲ့ သင်္ချိုင်းမှာ ဂူသွင်းသွားဖို့ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024