DVB Logo
Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ခရိုင်အသစ် ၄၆ ခု စစ်ကောင်စီ ထပ်မံတိုးချဲ့
DVB
·
May 1, 2022
တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ခရိုင်အသစ် ၄၆ ခု စစ်ကောင်စီ ထပ်မံတိုးချဲ့
Donate to DVB

ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုအဆင်ပြေရေးအတွက် စစ်ကောင်စီက တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ခရိုင် ၄၆ ခု အသစ်တိုးချဲ့လိုက်တယ်လို့ စစ်ကောင်စီထုတ်သတင်းစာတွေက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အရင် တိုင်းနဲ့ ပြည်နယ် ၁၅ ခုမှာ ခရိုင် ၇၅ ခုရှိပြီး အခုအသစ်တိုးချဲ့လိုက်တဲ့ ၄၆ ခု ပေါင်းပါက ခရိုင် စုစုပေါင်း ၁၂၁ ခု ဖြစ်သွားပြီဖြစ်ပါတယ်။

အရင်က ခရိုင် ၄ ခု ရှိတဲ့ ရန်ကုန်တိုင်းမှာ ဗိုလ်တထောင်၊ ဒဂုံ၊ တွံတေး၊ ကျောက်တံတား၊ မရမ်းကုန်း၊ ကမာရွတ်၊ တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီနဲ့ မင်္ဂလာဒုံခရိုင်ဆိုပြီး ၁၀ ခု တိုးချဲ့ လိုက်ပါတယ်။

မန္တလေးတိုင်းမှာ ခရိုင် ၇ ခု ရှိရာကနေ သပိတ်ကျင်း၊ တံတာဦး၊ အောင်မြေသာဇံနဲ့ သပိတ်ကျင်းခရိုင် ဆိုပြီး ၄ ခရိုင် ထပ်တိုးချဲ့လိုက်သလို  ခရိုင် ၂ ခုရှိတဲ့          နေပြည်တော်မှာတော့ ပျဉ်းမနား နဲ့  ဇေယျာသိရီခရိုင် ၂ ခု ထပ်တိုးလိုက်ပါတယ်။

စစ်ကိုင်းတိုင်းမှာ  ယခင်ကခရိုင် ၁၁ ခု ရှိရာကနေ ရေဦး နဲ့ ဟုမ္မလင်းခရိုင်၊      တနင်္သာရီတိုင်းမှာ ခရိုင် ၃ ခုရှိရာကနေ ဘုတ်ပြင်းခရိုင်၊ ပဲခူးတိုင်းမှာ  ခရိုင် ၄  ခု ရှိရာကနေ နတ်တလင်းနဲ့ ညောင်လေးပင်ခရိုင်၊ မကွေးတိုင်းမှာ  ခရိုင် ၅ ခု ရှိရာကနေ ချောက်နဲ့ အောင်လံခရိုင်၊ ဧရာ၀တီတိုင်းမှာ  ခရိုင် ၆ ခု ရှိရာကနေ ကျုံပျော် နဲ့ မြန်အောင်ခရိုင်စတဲ့ ခရိုင်အသစ်တွေ တိုးချဲ့လိုက်ပါတယ်။

ကချင်ပြည်နယ်မှာ  ခရိုင် ၄ ခု ရှိရာကနေ တနိုင်းနဲ့ ချီဘွေခရိုင်၊ ကယားပြည်နယ်မှာ ခရိုင် ၂ ခု ရှိရာကနေ  ဒီးမော့ဆိုနဲ့ မယ်ဆဲ့ခရိုင်၊ ကရင်ပြည်နယ်မှာ  ခရိုင် ၄ ခု ရှိရာကနေ  ကြာအင်းဆိပ်ကြီးနဲ့ သံတောင်ကြီးခရိုင်၊         ချင်းပြည်နယ်မှာ  ခရိုင် ၄ ခု ရှိရာကနေ ပလက်၀ နဲ့ တီးတိန်ခရိုင်၊ မွန်ပြည်နယ်မှာ  ခရိုင် ၂ ခု ရှိရာကနေ ကျိုက်ထို နဲ့ ရေးခရိုင်၊      ရခိုင်ပြည်နယ်မှာ  ခရိုင် ၆ ခု ရှိရာကနေ  အမ်း နဲ့ တောင်ကုတ်ခရိုင်၊     ရှမ်းပြည်နယ်မှာ  ခရိုင် ၁၂  ခု ရှိရာကနေ  ကလော၊ နမ့်စမ်၊ မိုင်ရှူး၊ မိုင်းယောင်း၊ မိုင်းလား၊ မိုင်းယန်းခ၊ မိုင်းတုံ၊ တန့်ယန်းနဲ့ ကွတ်ခိုင်ခရိုင်ဆိုပြီး အသီးသီး တိုးချဲ့လိုက်တာပါ။

အခုလို ခရိုင်အသစ် ၄၆ ခု တိုးချဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီက အလဟဿ လူစွမ်းအားအရင်းအမြစ်တွေကို အပိုဖြုံးနေတာ၊ ပြည်သူဘ္ဍာတွေကို မလိုအပ်ဘဲ ဖြုန်းတီးတာ နဲ့ အမှန်တကယ်ရွေးကောက်ပွဲလုပ်ဖြစ်ခဲ့ရင်တောင်  သူတို့အတွက် အသားစီးရဖို့ ကြိုတင်ပြင်ဆင်နေတာလို့ ‌ဝေဖန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013