DVB Logo
Home
မြန်မာသတင်း
ပိုကောင်းမွန်လုံခြုံသည့် ဝန်ဆောင်မှုစနစ်ပေးနိုင်ရန် နွေဦးထီခေတ္တရပ်ဆိုင်းမည်ဟု NUG ကြေညာ
DVB
·
May 1, 2022
ပိုကောင်းမွန်လုံခြုံသည့် ဝန်ဆောင်မှုစနစ်ပေးနိုင်ရန် နွေဦးထီခေတ္တရပ်ဆိုင်းမည်ဟု NUG ကြေညာ
Donate to DVB

ပိုပြီးကောင်းမွန်လုံခြုံတဲ့ ဝန်ဆောင်မှုစနစ်ကို ပေးနိုင်ဖို့ နွေဦးထီရောင်းချတဲ့ လုပ်ငန်းကို ဒီကနေ့ မေလ ၁ ရက်ကစပြီး ခေတ္တခဏ ရပ်ဆိုင်းထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

အခုလို ခဏရပ်ဆိုင်းတာဟာ နွေဦးထီ Messenger Chat Bot ကနေ ရောင်းချပေးတဲ့ လုပ်ငန်းသာဖြစ်ပြီး နိုင်ငံတကာကိုယ်စားလှယ်တွေ ရောင်းတဲ့ ပြည်ပ Bulk Purchase စနစ်ကို ရပ်ဆိုင်းသွားမှာ မဟုတ်ဘူးလို့လည်း ပါရှိပါတယ်။ 

သတင်းအချက်အလက်နဲ့ လုံခြုံရေးက အဓိက ဦးစားပေးဖြစ်တာကြောင့် နည်းပညာအဆင့်မြှင့်တင်ပြီး ပိုပြီးလုံခြုံတဲ့ ငွေပေးချေမှုပုံစံနဲ့ ပြန်လည်စတင်သွားမယ်လို့ ဆိုပါတယ်။ 

အောင်လံလွှင့်ချီနွေဦးထီကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်က စပြီး အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချခဲ့ကာ လစဉ် ရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဆုကြေးအနေနဲ့ ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို CDM သူရဲကောင်းတွေအတွက် ကူညီထောက်ပံ့သွားမယ်လို့ NUG က ကြေညာခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013