DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမည့် မွန်အမျိုးသားညီလာခံ ကျင်းပမည်
DVB
·
April 25, 2022
မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမည့် မွန်အမျိုးသားညီလာခံ ကျင်းပမည်
Donate to DVB

မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်းပမယ့် မွန်အမျိုးသားကွန်ဖရင့်ကို မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေးဌာနဗဟို ညီစားစခန်းမှာ ကျင်းပသွားမယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ဗညားလယ်က ပြောပါတယ်။

မွန်အမျိုးသားကွန်ဖရင့်ကို လာမယ့် မေလ ၂ ရက်မှ  ၅ ရက်အထိ ၄ ရက် ကျင်းပသွားဖို့ စီစဉ်ထားပြီး အဲဒီကွန်ဖရင့်မှာ  ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူနဲ့ မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ရေးဆွဲသွားဖို့ ရှိနေတာပါ။

ဒါ့အပြင် ကွန်ဖရင့်မှာတော့ မွန်အမျိုးသားရေးရာတွေအပြင် သက်ဆိုင်ရာကဏ္ဍအလိုက် မူဝါဒတွေကိုလည်း ထည့်သွင်ဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့ မွန်ပြည်သစ်ပါတီက မွန်ဘာသာနဲ့ ထုတ်ပြန်တဲ့ အင်တာဗျူးအစီအစဉ်မှာ နိုင်ဗညားလယ်က ပြောဆိုခဲ့တာပါ။

မွန်အမျိုးသားကွန်ဖရင့်ကိုတော့ မွန်ပြည်သစ်ပါတီ အယောက် ၃၀ ၊  မွန်ညီညွတ်ရေးပါတီ အယောက် ၃၀ ၊ အရပ်ဖက် မွန်အဖွဲ့အစည်းတွေ ၄၅ ယောက်၊ မွန်သံဃာတော် ၃၀ ပါး၊ တခြားပညာရှင်တွေ အပါအဝင် စုစုပေါင်း အယောက် ၂၅၀ ကျော်ကို တက်ရောက်ဖို့ ဖိတ်ကြားထားတာပါ။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ မွန်အမျိုးသားကွန်ဖရင့်ကိုတော့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပေါလောကုန်းကျေးရွာမှာ ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013