DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်-မိုးဗြဲကားလမ်းတွင် EPC ဝန်ထမ်း ၂၆ ဦး ဖမ်းဆီးခံရ
DVB
·
April 25, 2022
လွိုင်ကော်-မိုးဗြဲကားလမ်းတွင် EPC ဝန်ထမ်း ၂၆ ဦး ဖမ်းဆီးခံရ
Donate to DVB

လွိုင်ကော်-မိုးဗြဲကားလမ်းမှာ တာဝါတိုင်ပြင်ဆင်ဖို့သွားတဲ့  မဟာဓာတ်အားလိုင်းမှူးရုံး (သာစည်) က လျှပ်စစ်ကျွမ်းကျင်(၁) ဦးစိုးသန်း အပါအဝင် ဝန်ထမ်း ၂၆ ဦးကို လက်နက်ကိုင်အဖွဲ့တခုက  ဖမ်းဆီးသွားခဲ့တယ်လို့ ကယားပြည်နယ်သတင်းက သတင်းထုတ်ပြန်ထားပါတယ်။

ကယား(ကရင်နီ) ပြည်နယ်အတွင်းက လောပိတ-ရွှေမြို့မဟာဓာတ်အားလိုင်းမှာ  ပျက်စီးနေတဲ့ တာဝါတိုင်တွေ ပြင်ဆင်ဖို့ FUSO ကရိန်းယာဉ်နဲ့သွားရာမှ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ရှမ်းကယားနယ်စပ် မိုးဗြဲမြို့နယ်အပါအဝင် လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့  ဒေသခံ PDF ပူးပေါင်းတပ်တွေ မကြာခဏတိုက်ပွဲတွေဖြစ်နေပြီး ဖမ်းဆီးခံရတဲ့ EPC ဝန်ထမ်းတွေဟာ စစ်တပ်က စေလွှတ်တဲ့သူလျှိုတွေ ဖြစ်နေမလားဆိုတဲ့ အထင်နဲ့ လက်နက်ကိုင်တပ်ဖွဲ့​တွေက ဖမ်းဆီးခဲ့တာ ဖြစ်နိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး လွိုင်ကော်မဟာဓါတ်အားလိုင်းငှာနကို ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဒီဗွီဘီကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီသတင်းကို မသိရသလို သူတို့အဖွဲ့အနေနဲ့ ဖမ်းဆီးတာမရှိဘူးလို့ ပြောပါတယ်။

“ကျနော်တို့ ဒီမိုးဗြဲဝန်းကျင်မှာ လတ်တလောအခြေအနေအထိတော့ ပျက်နေတဲ့ ဓာတ်တိုင်က မရှိဘူး။ မိုးဗြဲ EPC ကဆိုရင် ဝန်ထမ်းဦးရေက အဲလောက်ထိမရှိဘူးပေါ့နော်။ အဲဒီအရေအတွက်လောက်မရှိဘူး။ ဒါပေမယ့် ကျနော်တို့ ပြောချင်တာကတော့ စစ်ရေးတင်းမာတဲ့နေရာမှာ စစ်ကောင်စီ အကြမ်းဖက်စစ်တပ်ရဲ့ အထောက်အကူတွေနဲ့ အကြောင်းအရာတွေနဲ့ သူတို့သွားတာကတော့ ထိန်းသိမ်းပြီးတော့ ဖမ်းဆီးစစ်ဆေးတာတော့ ရှိကောင်းရှိမယ်ထင်တယ်။ ကျနော်တို့ မိုးဗြဲ PDF ကတော့ အဲဒီအရာကို ကောင်းကောင်းတောင် မသိသေးဘူးလို့ပဲ ပြောလို့ရသလို ကျနော်တို့အဖွဲ့ လုပ်ထားတယ်လို့လည်း ပြောလို့မရဘူးခင်ဗျာ။ EPC ဝန်ထမ်းတွေကို ဘယ်အဖွဲ့က ဖမ်းပြီး ဘာကြောင့်ဖမ်းသလဲဆိုတာ ကိုတော့ သီးခြားအတည်ပြုထုတ်ပြန်ခြင်း မရှိ​သေးပါဘူး။"

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013