DVB Logo
Home
မြန်မာသတင်း
မိုးဗြဲ PDF အတွက် Project Buffalo ကမ်ပိန်းမှ တပတ်အတွင်း ကျပ်သိန်း ၅၅၀ ကျော်ရရှိ
DVB
·
April 25, 2022
မိုးဗြဲ PDF အတွက် Project Buffalo ကမ်ပိန်းမှ တပတ်အတွင်း ကျပ်သိန်း ၅၅၀ ကျော်ရရှိ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အတွင်း၊ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ရေးအတွက် အနိမ့်ပျံ ပုစဉ်းပစ် “Pecheneg” လက်နက်ဝယ်ယူနိုင်ဖို့ Project Buffalo ကမ်ပိန်းကနေ တပတ်အတွင်း ကျပ်သိန်း ၅၅၀ ကျော် ရရှိထားပြီလို့ သိရပါတယ်။

ဒီကမ်ပိန်းကိုတော့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ကျွဲချိုတပ်ခွဲနဲ့ CDM ဗိုလ်ကြီး ညီသုတတို့ ပူးပေါင်းကာ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာငွေ သိန်း ၅၀၀ အထိ ခန့်မှန်းထားကာ ပြည်တွင်း ပြည်ပရှိ တော်လှန်ရေး အင်အားစုတွေနဲ့ မိဘပြည်သူတွေက မိမိတို့ တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းပေးနိုင်ပြီး လိုအပ်တဲ့ပမာဏပြည့်တဲ့အထိ ရက်ကန့်သတ်ထားတာ မရှိဘူးလို့ သိရပါတယ်။

ရှမ်း-ကယားနယ်စပ်နဲ့ ကယားပြည်နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံးများပြားခဲ့ပြီးနောက် လေကြောင်းကို အားပြုပြီး တိုက်ခိုက်မှုတွေ နေ့စဉ် ရှိနေပါတယ်။

ပြည်တွင်း ပြည်ပရှိ တော်လှန်ရေး အင်အားစုတွေ၊ ပြည်သူတွေအနေနဲ့ Project Buffalo မှာ ပါဝင် လှူဒါန်းလိုပါက အသေးစိတ် အချက်အလက်တွေကို မိုးဗြဲ PDF ကျွဲချိုတပ်ခွဲရဲ့ တရားဝင် Facebook Account နဲ့ Telegram တို့မှာ တိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက် နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီဟာ မင်းမဲ့စရိုက်ဆန်ဆန် မြို့ရွာအနှံ့ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာ၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေ၊ လေကြောင်းပစ်ကူ တိုက်ခိုက်မှုတွေကိုပါ ဥပဒေမဲ့ ကျုးလွန်နေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013