DVB Logo
Home
မြန်မာသတင်း
တမူးမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံး
DVB
·
April 24, 2022
တမူးမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ ဧပြီ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက တမူး - အောင်ဇေယျကားလမ်းပေါ် တပ်အချိန်းအပြောင်းပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းအား တမူးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တပ်ရင်း - ၁ နဲ့ ၂ ပူးပေါင်းတပ်က ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းကျဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတော့ ထိခိုက်ကျဆုံးမှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ တမူး PDF ရဲ့ ပြန့်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

"သူတို့က ခလရ ၂၆၆ က တပ်သားတွေနဲ့ ခလရ ၈၉ တပ်သားတွေ တပ်ချိန်းတယ်လို့ သတင်းရလို့ ကျနော်တို့က ကြားဖြတ်တိုက်တာ စစ်ကောင်စီဘက်က အတုံးအရုံးကျဆုံးကြတာ တိုက်ပွဲပြီး ညနေပိုင်းမှာ လူနာတင်ကား ၄ စီး နဲ့ ကလေးဆေးရုံဘက်ကို တင်ဆောင်သွားကြတယ်။”  

တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ တမူး - အောင်ဇေယျ ကားလမ်းပိုင်းအား နယ်မြေရှင်းလင်းရေးနဲ့ ယာဉ်စစ်ဆေးရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး စစ်အာရှင်စနစ် အပြီးတိုင်ချူပ်ငြိမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

ချုံခိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013