DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုထိန်းချုပ်နယ်မြေ ကျောင်းများ၌ ၁၀ တန်းဖြေသူ ယခင်နှစ်ထက် ပိုများလာ
DVB
·
April 23, 2022
ကေအိုင်အိုထိန်းချုပ်နယ်မြေ ကျောင်းများ၌ ၁၀ တန်းဖြေသူ ယခင်နှစ်ထက် ပိုများလာ
Donate to DVB

ကချင်ပြည်နယ် ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ အထက်တန်းကျောင်းတွေမှာ ဆယ်တန်းဖြေဆိုတဲ့ ကျောင်းသားကျောင်းသူ အရေအတွက် ပြီးခဲ့တဲ့နှစ်ထက် တဆကျော်များပြားလာတယ်လို့ ကေအိုင်အို ပညာရေးရုံးကနေ သိရပါတယ်။

ကေအိုင်အို ထိန်းချုပ်နယ်မြေမှာရှိတဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်က တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုတဲ့ ကျောင်းသားကျောင်းသူ အရေအတွက်ဟာ ၈၀၀ ကျော်သာရှိခဲ့ ပြီး အခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၂၁၉၂ ယောက်ဖြေဆိုတာ တဆကျော်ပိုများလာတယ်လို့ ကေအိုင်ဝပညာရေးရုံးရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ကေအိုင်အို ထိန်ချုပ်နယ်မြေအတွင်းက အခြေခံပညာ အထက်တန်းကျောင်း ၉ ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေဟာ ဧပြီ ၂၁ ရက်နေ့က စတင်ကာ ဧပြီ ၂၈ ရက်နေ့အထိ စာမေးပွဲဖြေဆိုနေကြတာလို့ ဆိုပါတယ်။

ကျောင်းသားကျောင်းသူ အသစ်တွေကို ပြီးခဲ့တဲ့နှစ်ကလို မေလ ၂၅ ရက်နေ့မှာ စတင်လက်ခံကာ ဇွန် ၁ ရက်နေ့ စတင်ဖွင့်လှစ်မှာဖြစ်ပေမယ့် ကိုဗစ်ရောဂါအခြေနေကို စောင့်ကြည့်ပြီးမှ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013