DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်ခရိုင် မြို့နယ်အချို့က ကျောင်းများတွင် NUG ၏ အတန်းတင်စာမေးပွဲကျင်းပ
DVB
·
July 11, 2022
ယင်းမာပင်ခရိုင် မြို့နယ်အချို့က ကျောင်းများတွင် NUG ၏ အတန်းတင်စာမေးပွဲကျင်းပ
Donate to DVB

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီနဲ့ ယင်းမာပင်မြို့နယ်တို့မှာ NUG ပညာရေးဝန်ကြီးဌာန ဦးဆောင်မှုအောက်မှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ အတန်းတင်စာမေးပွဲတွေ ကျင်းပခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ်မှာ တမြို့နယ်လုံးအတိုင်းအတာနဲ့ အတန်းကူးပြောင်းစာမေးပွဲကို ဇူလိုင် ၉ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး စာသင်ကြားရေးကာလ ၆ လတဖြတ်မှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်းနဲ့ ဖြေဆိုမှု အပိုင်းကတော့ ဒေသအခြေအနေနဲ့လိုက်ပြီး ပြုလုပ်ရတာကြောင့် အဆင့်ခွဲ အကြိမ်ကြိမ် မပြုလုပ်တော့ဘဲ စာမေးပွဲတကြိမ်သာ ပြုလုပ်မယ်လို့ ကနီမြို့နယ် ပညာရေးတာဝန်ခံ ကျောင်းဆရာတဦးက ပြောပါတယ်။

အတန်းကူးပြောင်းစာမေးပွဲကို ကနီမြို့နယ် တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းတို့မှာ ဝင်ရောက် ဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူအရေအတွက်ကိုသာ စာရင်းပြုစုနိုင်သေးပြီး ကနီမြို့နယ် အနောက်ဘက်ခြမ်းက စာသင်ကျောင်းနဲ့ ကျောင်းသားစာရင်းတွေကတော့ ဆက်သွယ်ရေး ခက်ခဲမှု အခြေနေကြောင့် စာရင်းအတိအကျ မရရှိသေးဘူးလို့ ဆိုပါတယ်။

လက်ရှိစာရင်းရရှိထားတဲ့ နယ်မြေ ၂ ခုက စာသင်ကျောင်းပေါင်း ၉၅ ကျောင်းမှာ စာမေးပွဲ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူအရေအတွက်က မူလတန်းအဆင့်မှာ  ၇,၅၉၆  ယောက်၊ အလယ်တန်းအဆင့်မှာ ၃,၄၈၄  ယောက် နဲ့ အထက်တန်းအဆင့်မှာ ၉၂၄  ယောက်ဖြေဆိုကြပြီး သင်ကြားရေးနဲ့ကူညီမှုတွေကိုတောာ့ CDM ဆရာ/ဆရာမ ၆၃၉ ဦးနဲ့ စေတနာ့ဝန်ထမ်း ၁,၁၂၄ ဦးတို့က ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ ပညာရေးတာဝန်ခံက ပြောပါတယ်။

ကျောင်းတွေ စတင်ဖွင့်လှစ်ခဲ့စဥ်က စာသင်ကျောင်းပေါင်း ၂၄၈ ကျောင်းထိ ဖွင့်လှစ်နိုင်ခဲ့ပေမယ့် တချို့ကျောင်းတွေဟာ နယ်မြေအခြေအနေအရ သင်ကြားရေး ရပ်နားခဲ့ရတယ်လို့ ဆိုပါတယ်။ 

စာမေးပွဲဖြေဆိုမှုကို (A-Level),(B-Level),(C-Level)ဆိုပြီး အဆင့် (၃) ခုနဲ့  လုပ်ဆောင်သွားမှာ ဖြစ်ပြီး အဲဒီအဆင့်တွေအတွင်း ဖြေဆိုအောင်မြင်သူများကိုသာ အတန်းကူးပြောင်းပေးမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013