DVB Logo
Home
မြန်မာသတင်း
နေအိမ်များမီးရှို့ခံရသည့် ဆိပ်ဖြူမြို့နယ် ရှားလှရွာပြည်သူများကို YRF က ဆန်ရိက္ခာများလှူဒါန်း
DVB
·
April 23, 2022
နေအိမ်များမီးရှို့ခံရသည့် ဆိပ်ဖြူမြို့နယ် ရှားလှရွာပြည်သူများကို YRF က ဆန်ရိက္ခာများလှူဒါန်း
Donate to DVB

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်က ရှားလှကျေးရွာ ပြည်သူတွေကို ဧပြီ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ လူငယ်တော်လှန်ရေးတပ်ဦး YRF တပ်ဖွဲ့က ဆန်ရိက္ခာတွေ လှူဒါန်းထောက်ပံ့ပေးခဲ့ကြပါတယ်။ 

ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာမှာ ဧပြီ ၂၂ ရက်နေ့ နေလယ်ပိုင်းက မီးဘေးသင့်အိမ်ထောင်စု ၄၆ စုအတွက် တအိမ်ထောင်ကို ဆန် ၈ ပြည်စီ ထောက်ပံ့ လှူဒါန်းပေးခဲ့တယ်လို့ YRF ခေါင်းဆောင် ဗိုလ်နားပေါက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ တပ်ဖွဲ့အနေနဲ့ ပြည်သူလူထုကို ယခုလို လှူဒါန်းရတာဟာ နိုင်ငံတဝန်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ တပ်ရင်းတရင်း ထောင်မယ်ဆိုရင် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ပြည်သူ့ရဲ့ အထောက်ပံ့နဲ့ ရပ်တည်ကြရတာ ဖြစ်လို့ အခုလို လှူဒါန်းပေးတာ။ ကျနော်တို့ တော်လှန်ရေးလုပ်တယ်ဆိုတာက တိုက်ခိုက်ဖို့ တခုတည်းမဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုပေမယ့် ပြည်သူရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ်လို့ ခံယူထားပါတယ်။”

စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့သွားတာကြောင့် ပြည်သူတွေဟာ တောတောင်ကြား၊ မိုးထဲလေထဲမှာ ဒုက္ခရောက်ပြီး ငတ်ပြတ်နေကြတာကြောင့် အခုလို ပြန်ပြီးကူညီပေးတာလို့ ဆိုပါတယ်။

“ကျနော်တို့ ဒုက္ခဖြစ်နေတဲ့ အချိန်မှာလည်း ပြည်သူတွေကြည့်မနေသလို ပြည်သူတွေ ဒုက္ခရောက်တဲ့ အချိန်မှာလည်း ကျနော်တို့ အဖွဲ‌ေစည်းတွေက ကြည့်နေလို့မရလို့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ပြည်သူလူထုရဲ့ အကူညီတွေ အများကြီးလိုအပ်တာမို့ ထောက်ပံလှူဒါန်ပေးတာ” လို့ ဗိုလ်နားပေါက်က ပြောပါတယ်။

ရှားလှကျေးရွာမှာ အိမ်ထောင်စု လေးငါးဆယ်လောက်တော်တော်ဒုက္ခရောက်နေကြတာတာဖြစ်ပြီး အခုလို YRF တပ်ဖွဲ့က လာရောက်လှူဒါန်းပေးတာကြောင့် ကျေးဇူးအများကြီးတင်တယ်လို့ ရွာသားတယောက်က ပြောပါတယ်။

“အလှူရှင်တွေမရှိဘူးဆိုရင် ထမင်း ၃ နပ်ကို နပ်မှန်အောင်မစားကြရဘဲ တချို့ဆိုရင် တနပ်ပဲ စားကြရတယ်။ မီးဘေးသင့်တဲ့သူတွေရော၊ စစ်ဘေးရှောင်ပြည်သူတွေရော တောတွေထဲမှာ အဆင်ပြေသလိုပဲ နေနေကြရတယ်ဗျ။ တောတွေထဲမှာ အဆောက်ဦက ခိုင်ခိုင်မာမာဆောက်လို့ မရသလို မိုးကာလေးတွေနဲ့ တဲထိုးကာ နေနေကြရပြီး မိုးကာမတတ်နိုင်သူတွေလည်း သစ်ပင်ရိပ်တွေမှာ အဆင်ပြေသလိုနေထိုင်ကြရတယ်။” 

အခုလို လာရောက်လှူဒါန်းပေးတဲ့ လူငယ်တော်လှန်ရေးတပ်ဦးကိုလည်း ရွာသူရွာသားတွေကိုယ်စား အများကြီးကျေးဇူးတင်သလို ပြည်တွင်းပြည်ပက လှူဒါန်းမယ့် အလှူရှင်တွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေတဆင့် ဒေသဆိုင်ရာယာယီအုပ်ချုပ်ရေးအဖွဲ့တွေကို လှူဒါန်းပေးကြဖို့ တောင်းဆိုထားပါတယ်။

ဆိပ်ဖြူမြို့နယ်မြောက်ပိုင်းနဲ့ ပေါင်မြို့နယ်တောင်ပိုင်းတို့မှာ ဧပြီ ၇ ရက်နေ့ကစတင်ပြီး ဒီနေ့အထိ ကျေးရွာ ၁၈ ရွာလောက်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့တာကြောင့် ပြည်သူ ၁၈၀၀၀ လောက်ထွက်ပြေးနေရကာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ အဝတ်အထည်နဲ့ ဆေးဝါး အကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013