DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလ ရခိုင်ပြည်နယ်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွား ၁၆၀၀၀ ခန့်ဝင်ရောက်
DVB
·
April 22, 2022
သင်္ကြန်ကာလ ရခိုင်ပြည်နယ်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွား ၁၆၀၀၀ ခန့်ဝင်ရောက်
Donate to DVB

၂၀၂၂ ခုနှစ် သင်္ကြန်ကာလအတွင်း ရခိုင်ပြည်နယ်သို့ ခရီးသွားဝင်ရောက်မှု ၁၆၀၀၀ နီးပါးရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာနမှ သိရပါတယ်။

တိုက်ပွဲ၊ ကိုဗစ်၊ နိုင်ငံရေး အခြေနေတွေကြောင့် ၃ နှစ် လောက် ကျင်းပနိုင်ခဲ့ခြင်းမရှိတဲ့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို အခုနှစ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့က သူတို့ရဲ့ နယ်မြေတွေမှာ အပြိုင်အဆိုင်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ခရီသွားဝင်ရောက်မှု အများဆုံးမှာ ပြည်တွင်းမှ ဖြစ်ကြပြီး နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုက ရာဂဏန်းသာရှိတယ်လို့  ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန ရခိုင်ပြည် ဒုတိယညွှန့်ကြားရေးမှူး ဦးမိုးအောင်က ပြောပါတယ်။

"ရခိုင်ပြည်နယ်ကို သင်္ကြန်ကာလဖြစ်တဲ့ ဧပြီ ၉ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ပြည်တွင်း ခရီးသွားဝင်ရောက်မှုမှက ၁၅၉၁၇ ယောက်နဲ့ နိုင်ငံခြားသားဝင်ရောက်မှုက ၂၆၀ ယောက်ရှိပါတယ်။ ခရီသွားဝင်ရောက်မှု အများဆုံးမြို့ကတော့ သံတွဲ၊ ငပလီ ပဲ ခရီးသွားဝင်ရောက်မှုက ပြည်တွင်းက ၆၂၈၆ ယောက်နဲ့ ပြည်ပက ၂၃၉ ယောက်နဲ့ အများဆုံးဖြစ်ခဲ့ပြီးတော့ စစ်တွေမြို့က ပြည်တွင်း ခရီးသွားဝင်ရောက်မှုက ၅၂၉၀ယောက်နဲ့ ပြည်ပက ၂၁ ယောက်နဲ့ အများဆုံးဝင်ရောက်ခဲ့ကြတယ်။ တခြား မြောက်ဦးနဲ့ ကျောက်ဖြူတို့မှာလည်း ခရီးသွားဝင်ရောက်မှုတွေရှိတယ်"လို့ပြောပါတယ်။

ပြည်တွင်းခရီးသည်တွေကတော့  ရန်ကုန်၊မန္တလေးတို့လို ပြည်မဘက်က ခရီးသွားအများဆုံးဖြစ်ကြတယ်လို့ ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူတွေကဆိုပါတယ်။

ပြည်မဘက်မှာ နိုင်ငံရေး တည်ငြိမ်မှုမရှိတာကြောင်း ခရီးသွားအစုမှာ သင်္ကြန်ကာလအတွင်း ငပလီ၊ ချောင်းသာနဲ့ ငွေဆောင်တို့လို ကမ်းခြေတွေကို အများဆုံးသွားရောက်ခဲ့ကြပြီး ဧပြီလဆန်းပိုင်းကတည်းက ဟိုတယ်၊ တည်ခိုခန်းတွေမှာ ဘိုကင်ပြည်မှုတွေ ရှိတယ်လို့ ဟိုတယ်ဝန်ထမ်းတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်ကောင်စီမဏ္ဍပ်များပြီး ရက္ခိုင်တပ်တော်(အေအေ)ကလည်း သူတို့ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်တော်မြို့နယ်၊ ဇီးချောင်းဆည်အနီးမှာ ဇီးချောင်းသင်္ကြန်နဲ့ မြောက်ဦးမြို့နယ်မှာ လေးမြို့သင်္ကြန်တို့ကိ  လူသိန်းနဲ့ချီပါဝင်ဆင်နွဲ့ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ပြည်မဘက်မှာတော့ စစ်အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့  တော်လှန်သင်္ကြန်ပြုလုပ်ကာ စစ်ကောင်စီကျင်းပတဲ့ပွဲမှာ  ပါဝင်ဆင်နွှဲတာမလုပ်ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013