DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုများ ဟန့်တားနိုင်ရေးအတွက် Project Buffalo ကမ်ပိန်းပြုလုပ်
DVB
·
April 21, 2022
လေကြောင်းတိုက်ခိုက်မှုများ ဟန့်တားနိုင်ရေးအတွက် Project Buffalo ကမ်ပိန်းပြုလုပ်
1 / 3
Donate to DVB

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ကျွဲချိုတပ်ခွဲနဲ့ CDM ဗိုလ်ကြီး ညီသုတတို့ ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ရေးအတွက် အနိမ့်ပျံ ပုစဉ်းပစ် “Pecheneg” လက်နက်ဝယ်ယူနိုင်ဖို့ Project Buffalo ကမ်ပိန်းကို ဧပြီ ၁၉ ရက်နေ့မှာ စတင်ပြုလုပ်နေပါတယ်။

Project Buffalo ကမ်ပိန်းကို မြန်မာငွေ သိန်း ၅၀၀ အထိ ခန့်မှန်းထားကာ ပြည်တွင်း ပြည်ပရှိ တော်လှန်ရေး အင်အားစုတွေနဲ့ မိဘပြည်သူတွေက မိမိတို့ တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းပေးနိုင်ပြီး လိုအပ်တဲ့ပမာဏပြည့်တဲ့အထိ ရက်ကန့်သတ်ထားတာ မရှိဘူးလို့ သိရပါတယ်။

ရှမ်း-ကယားနယ်စပ်နဲ့ ကယားပြည်နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံးများပြားခဲ့ပြီးနောက် လေကြောင်းကို အားပြုပြီး တိုက်ခိုက်မှုတွေ နေ့စဉ် ရှိနေပါတယ်။

“အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ဟန့်တားနိုင်ဖို့ ဗိုလ်ကြီးညီသုတနဲ့ တိုင်ပင်ပြီး စတင် အကောင်အထည်ဖော်ဖြစ်ခဲ့တာပါ။ အဲဒီ ပုစဉ်းပစ်လက်နက် “Pecheneg” ဟာ မီတာ ၁၅၀၀ အထိ ပစ်ခတ်နိုင်ပြီး မီတာ ၁၀၀၀ လောက်ဆင်းလာတဲ့ ပုစဉ်းတွေကို အသာလေး ပစ်ခတ်ဖျက်ဆီးနိုင်မှာ ဖြစ်ပါတယ်။ ဒီပရောဂျက်သာ အောင်မြင်မယ်ဆိုရင် ကျနော်တို့ မိုးဗြဲဒေသအတွက် အောင်မြင်မှု ရလဒ်တွေ သိသိသာသာ ပြောင်းလဲလာမယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ အသက်တွေနဲ့ရင်းပြီး သက်စွန့်ဆံဖျား တိုက်ပွဲဝင်နေတာဖြစ်လို့ ပြည်သူတွေဘက်ကလည်း ၅၀‌၀၊ ၁၀၀၀ ကစပြီး မိမိတို့ တတ်နိုင်သလောက် ထောက်ပံ့ပေးကြပါ” မိုးဗြဲကျွဲချိုတပ်ခွဲရဲ့ တာဝန်ရှိသူတဦးက တောင်းဆိုထားပါတယ်။

ပြည်တွင်း ပြည်ပရှိ တော်လှန်ရေး အင်အားစုတွေ၊ ပြည်သူတွေအနေနဲ့ Project Buffalo မှာ ပါဝင် လှူဒါန်းလိုပါက အသေးစိတ် အချက်အလက်တွေကို မိုးဗြဲ PDF ကျွဲချိုတပ်ခွဲရဲ့ တရားဝင် Facebook Account နဲ့ Telegram တို့မှာ တိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013