DVB Logo
Home
မြန်မာသတင်း
သထုံခရိုင်မှ စစ်ကောင်စီတပ်စခန်း ဆုတ်ခွာထွက်သွားရန် KNDO သတိပေး
DVB
·
April 20, 2022
သထုံခရိုင်မှ  စစ်ကောင်စီတပ်စခန်း ဆုတ်ခွာထွက်သွားရန် KNDO သတိပေး
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ (၁) သထုံခရိုင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း (၂) နယ်မြေအတွင်း တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီ လေးကေစခန်းနဲ့ ဝင်းတာပန်စခန်းတွေ  သုံးရက်အတွင်း ဆုတ်ခွာထွက်သွားပေးဖို့ KNDO တပ်ရင်း (၂) က ဧပြီ ၂၀ ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီ လေးကေစခန်းနဲ့ ဝင်းတာပန်စခန်းအနေနဲ့ လာမယ့် ၂၃ ရက် ည ၆ နာရီအချိန်ထိ နောက်ဆုံးထားပြီး စခန်းကနေ ဆုတ်ခွာပေးဖို့နဲ့ ဆုတ်ခွာခြင်း မပြုရင် စစ်ရေးအရ ထိရောက်စွာအရေးယူသွားမယ်လို့ သတိပေးထားပါတယ်။  

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံအနှံ့အပြားရှိ တိုင်းရင်းသားပြည်သူလူထုအပေါ် ဖမ်းဆီးသတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ အိမ်ထောင်သည်နဲ့ ကလေးငယ်ပါမကျန် မုဒိန်းကျင့်တာ၊ အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတာ အစရှိတဲ့ လူမဆန်တဲ့ ကိစ္စရပ်တွေပြုမှုဆက်ဆံနေတဲ့အတွက်ကြောင့် မိမိတို့နယ်မြေအတွင်းမှာ နေထိုင်ခွင့်မပြုကြောင်း KNDO က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်စခန်းတွေအနေနဲ့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO နဲ့ ပူးပေါင်းလိုရင် သတ်မှတ်ရက်မတိုင်မီ ဆက်သွယ်ဖို့၊ ထွက်ခွာဖို့လမ်းကြောင်းနဲ့ အချိန်ကို တိကျစွာ ကြိုတင်ညှိနှိုင်းဖို့နဲ့ မနက် ၆ နာရီကနေ ည ၆ နာရီထိ ထုတ်ပြန်ထားတဲ့ သွားလာခွင့်ကို အထူးဂရုစိုက်ကြဖို့ KNDO က သတိပေးထားပါတယ်။

စစ်ကောင်စီတပ်စခန်း ၂ ခု ဆုတ်ခွာပေးဖို့ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး ကေအန်ယူ တပ်မဟာ ၁ တာဝန်ရှိသူတစ်ဦးက”စစ်ကောင်စီဘက်က ဆုတ်ခွာမယ် မဆုတ်ခွာဘူးဆိုတာ ထုတ်ပြန်ထားတဲ့ အတိုင်း ၂၃ ရက်နေ့ထိတော့ စောင့်ကြည့်ရမယ်။ အခုချိန်အထိတော့ ထူးထူးခြားခြားမရှိသေးဘူး။  ဒေသခံတွေလုံခြုံဖို့အတွက် နယ်မြေမှူးတွေက လိုက်လံအသိပေးထားတာ ရှိတယ်”လို့ ပြောပါတယ်။

ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင် ထိန်းချုပ်နယ်မြေမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ 

အဲဒီတိုက်ပွဲကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော်ဟာ နီးစပ်တောတောင်နဲ့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီရဲ့တပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ နယ်မြေကျူးကျော်ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားတာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေကြောင့် ကေအန်ယူ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို ဒေသခံပြည်သူတွေအပေါ် လူအခွင့်အရေး ချိုးဖောက်တာတွေအပြင် လယ်ယာ၊ ဥယျာဥ်ခြံမြေနဲ့ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် နေအိမ်တွေ ပျက်စီးတာ၊ အရပ်သားပြည်သူ သေဆုံးတာနဲ့ ဒဏ်ရာရရှိတာတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013