DVB Logo
Home
မြန်မာသတင်း
နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ထန်းတပင်ဂိတ်ကို မိုင်းဆွဲတိုက်ခိုက်
DVB
·
April 19, 2022
နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ထန်းတပင်ဂိတ်ကို မိုင်းဆွဲတိုက်ခိုက်
Donate to DVB

ဧပြီ ၁၉ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်က စစ်ဆေးရေးဂိတ်ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ နေရာယူထားတဲ့ စစ်ဆေးရေးဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Form Zero to hero အဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဒီနေ့မနက် ၄ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ် ပြန်ထားပါတယ်။

“ဒီနေ့မနက်အစောပိုင်းမှာ လုပ်တာ ပကဖနဲ့ From zero to hero အဖွဲ့ပေါင်းလုပ်တာ နန်းထိုက်အောင် စစ်ဆင်ရေးအရလုပ်တာ အကြမ်းဖက်စစ်တပ်ဘက်က ဝန်ထမ်း ၂ ယောက်ဒဏ်ရာရတယ်” လို့ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေး ဌာနသတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက DVB ကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး ဂိတ်မှာ ပိုက်ဆံကောက်ခံနေတဲ့ စည်ပင် ဝန်ထမ်း ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နန်းထိုက်အောင်စစ်ဆင်ရေးအရ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ဆေးရေးဂိတ်ဟာ ဧပြီ ၁ ရက်နေ့ကစတင်ကာ ကုမ္ပဏီတခုက စာချုပ်သက်တမ်းကုန်းဆုံးလို့ အာဏာသိမ်းစစ်တပ်က ဝင်ငွေရှာနေတဲ့ ဂိတ်တခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

နန်းထိုက်အောင်စစ်ဆင်ရေးဟာ အမျိုးသာညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံတောင်ပိုင်းရဲ့ မြို့ပြစစ်ဆေးရေးဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ပစ်မှတ်အကုန်လုံးကို တိုက်ခိုက်သွားမယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးဌာနက သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး တာဝန်ခံက DVB ကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013