DVB Logo
Home
မြန်မာသတင်း
ခိုးမှု၊ မူးယစ်ဆေးမှု၊ စစ်ပြေးမှု၊ ရဲအမှုဖြင့် ထောင်ချခံနေရသူများ ပြန်လွတ်လာ
DVB
·
April 18, 2022
ခိုးမှု၊ မူးယစ်ဆေးမှု၊  စစ်ပြေးမှု၊ ရဲအမှုဖြင့် ထောင်ချခံနေရသူများ ပြန်လွတ်လာ
Donate to DVB

မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၁,၆၁၉ ဦးထဲမှာ ခိုးမှု၊ မူးယစ်ဆေးမှု၊ စစ်ပြေးနဲ့ ရဲအမှုတွေ အများစုပါဝင်လာတယ်လို့ အကျဉ်းထောင်အသိုက်အဝန်းကနေ သိရပါတယ်။ 

မြန်မာနှစ်ဆန်း  ၁ ရက် ဧပြီ ၁၇ ရက်မှာ စစ်ကောင်စီက နိုင်ငံတဝန်းက အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၁၅၇၇ ယောက်နဲ့ နိုင်ငံခြားသား ၄၂ ယောက် စုစုပေါင်း ၁၆၁၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကတော့ တဦးမှ  မပါဝင်ပါဘူး။

ပြန်လွတ်လာသူတွေထဲမှာ ကချင်ပြည်နယ် ပူတာအို နမ်ဟော့အကျဉ်းထောင်မှ ခိုးမှုနဲ့ မူးယစ်ဆေးမှု အကျဉ်းသား ၆ ဦး၊ မြစ်ကြီးနားထောင်မှ   မူးယစ်မှုနဲ့  စစ်ရာဇဝတ်မှု  အကျဥ်းသား ၅ ဦးနဲ့ ရှမ်းပြည်နယ် လားရှိုး​ထောင်က မူးယစ်မှုနဲ့ တပ်​ပြေးမှု  ၈ ​ယောက်ပါဝင်ပါတယ်။

စစ်ကိုင်းတိုင်းရှိ အကျဉ်းထောင်မှအကျဉ်သား ၁၂၃ ဦး လွှတ်ပေးရာမှာ မုံရွာအကျဉ်းထောင်မှ ကျား ၁၁ ဦး၊ ခန္တီးအကျဉ်းထောင်မှ ကျား ၁၅ ဦး၊ ရွှေဘိုထောင်မှ ကျား ၁၀ ဦး မ ၁ ဦး စုစုပေါင်း ၁၁ ဦး၊ ကလေးအကျဉ်းထောင်မှ  ကျား ၂၅ ဦး မ ၇ ဦး စုစုပေါင်း ၃၂ ဦး၊ ကသာအကျဉ်းထောင်မှ ကျား ၆ ဦး မ ၅ ဦး စုစုပေါင်း ၁၁ ဦး၊ သနန် အကျဉ်းစခန်း(တမူး)မှ ကျား ၉ ဦး၊ မြို့သစ်အကျဉ်းစခန်း(တမူး)မှ ကျား ၁၁ ဦး၊ ဗန္ဓုလ အကျဉ်းစခန်း(တမူး)မှ ကျား ၁၇ ဦး၊ အုတ်ဖိုကန်ဘောင်အကျဉ်းစခန်း (တမူး)မှ ကျား ၆ ဦးပါဝင်ပြီး မူးယစ်အမှုတွေပဲများတယ်လို့  ထောင်ဝန်ထမ်းက ပြောပါတယ်

မန္တလေးတိုင်း အကျဉ်းထောင်အသီးသီးကနေ ပြန်လွတ်လာသူတွေအထဲမှာ အိုးဘိုထောင်ကနေ  လဝက၁၃ (၁)အမှုနဲ့ ကျား  ၁ ဦး၊ မူးယစ်ဆေးဝါးမှုတွေနဲ့   ကျား  ၄၆ ဦး ၊ မ ၇ ဦး၊ မြင်းခြံမှ ကျား ၅ ဦး၊ ရမည်းသင်းမှကျား ၄ ဦး၊ ညောင်ဦးမှ ၁ ဦး၊ တပ်မတော်အက်နဲ့ အိုးဘိုမှ ကျား ၃၅ ဦး၊ ရမည်းသင်းမှ ကျား ၄ ဦး၊ ညောင်ဦးမှ ကျား ၅ ဦး၊ ရဲစည်းကမ်းအက်နဲ့  အိုးဘိုမှကျား ၂ ဦး၊ မြင်းခြံမှ ကျား ၁ ဦးတို့ပါဝင်ပါတယ်။

ဒါ့အပြင် မိတ္ထီလာမြို့အကျဉ်းဦးစီးဌာနကနေ အမျိုးသား ၁၂ ဦးနဲ့ သာစည်မြို့ ဘုရားငါးဆူအကျဉ်းဦးစီးဌာနကနေ အမျိုးသား ၃ ဦး၊ မိတ္ထီလာခရိုင် အကျဉ်းဦးစီးဌာန ၂ ခုက စုစုပေါင်းအပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၁၅ ဦး  (တပ်မတော်အက် ရဲအက်နဲ့ - ၁၄ ဦး ၊ သာစည်ဘုရားငါးဆူက မူးယစ်ဆေးဝါး ၁ ဦး)  လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်ကနေ စစ်ပြေး ၄ ယောက်နဲ့  ဆေးမှု ၂ ယောက် စုစုပေါင်း  ၆ ယောက်လွတ်မြောက်လာပြီး ရန်ကုန် အင်းစိန်ဗဟိုထောင်က အကျဉ်းသား ၁၅၀ ဦးလွတ်မြောက် လာပါတယ်။ 

ရခိုင်ပြည်နယ်က အကျဉ်းသား အယောက်  ၄၀ လွတ်မြောက်လာရာမှာ စစ်တွေအကျဉ်းထောင်က အကျဉ်းသား ၈ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်က အကျဉ်းသား ၁၃ ဦး၊ အကျဉ်းသူ ၇ ဦး၊ ကျောက်ဖြူအကျဉ်းထောင်က အကျဉ်းသား ၆ ဦးနဲ့ သံတွဲအကျဉ်းထောင်က အကျဉ်းသား ၆ ဦး  ပါဝင်ပြီး အများစုဟာ မူးယစ်ဆေးဝါးမှုနဲ့ နှစ်ကြီးကျခံနေရသူတွေဖြစ်ပြီး ကျန်တဲ့သူတွေက ရာဇဝတ်ပြစ်ဒဏ်တွေနဲ့ အကျဉ်းကျခံနေကြရသူတွေဖြစ်ပါတယ်။

ထားဝယ်ထောင်ကနေ  တပ်မတော်အက်နဲ့ ရဲအက်နဲ့ ထောင်ကျနေသူ  ၈ ဦးလွတ်မြောက်လာပြီး မြိတ်အကျဉ်းထောင်ကနေ   တပ်မတော်အက်နဲ့  ၈ ဦး၊ မူးယစ်ဆေးမှုနဲ့က ၃ ဦး၊ ကျောက်ဖြူတောင်ကုန်ထုတ်စခန်းမှ အကျဉ်းသား ၂၁ ဦး၊ နတ်စင်ကုန်းကုန်ထုတ်စခန်းခွဲမှ အကျဉ်းသား ၂၄ ဦး စုစုပေါင်း ၅၆ ဦး ပြန်လွတ်ပါတယ်။

ကော့သောင်း ၉ မိုင် အကျဥ်းထောင်မှ  တပ်မတော်အက်ဥပဒေနဲ့ အရေးယူခံရသူ ၄ ဦး ၊       မူးယစ်ဆေးဝါးဥပဒေနဲ့ အရေးယူခံရ သူ ၁၁ ဦးပါဝင်ပြီး  စုစုပေါင်းအပြစ်ဒဏ် ၅ နှစ် ချမှတ် ခံရပြီး ထောင်ထဲမှာ  ၂ နှစ်ကျော်နေခဲ့ပြီးသူတွေဖြစ်ကြပါတယ်။

နိုင်ငံခြားသား အကျဉ်းသား ၄၂ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ စစ်ကောင်စီကကြေညာထားရာမှာ ကရင်ပြည်နယ်၊ ဘားအံမြို့(တောင်ကလေး)အကျဉ်းထောင်ကနေ တရုတ်နဲ့ ဘင်္ဂါလီ အကျဉ်းသား ၁၁ ဦး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဘားအံမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။

မန္တလေး ဗဟိုအကျဉ်းထောင်ကနေလည်း အကျဉ်းသား ၇၄ ဦး ပြန်လွှတ်ပေးရာမှာ နိုင်ငံခြားသား ၃၄  ဦး ပါဝင်တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ထားပြီး ဘယ်နိုင်ငံသားတွေလဲ ဆိုတာတော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။  

ပြန်လွတ်လာတဲ့ နိုင်ငံခြားသားတွေထဲမှာတော့ မနှစ်က စစ်တပ်အာဏာသိမ်းပြီး မကြာခင်မှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ ဩစတြေးလျစီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ်ကတော့ လွတ်မြောက်လာခြင်းမရှိသေးပဲ သူ့ရဲ့ အမှုပြစ်ဒဏ် စီရင်ပြီးမှာသာ ပြန်လွတ်လာနိုင်ဖွယ်ရှိတယ်လို့ ရှေ့နေအသိုက်အဝန်းက သုံးသပ်ပြောပါတယ်။ 

မစ္စတာရှောင်တာနဲလ်ဟာ လက်ရှိမှာ အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်မှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013