
အဲဗာတန် ဘောလုံးအသင်း ပိုင်ရှင်ဖြစ်တဲ့ The Friedkin Group (TFG) ဟာ အသင်းကို ပြန်လည် ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်လိုက်ကြောင်း ဘီဘီစီအားကစား သတင်းမှာ ဖော်ပြပါတယ်။
အီတလီရိုးမားအသင်းကိုလည်း ပိုင်ဆိုင်တဲ့ TFG ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကမှ အဲဗာတန် အသင်းရဲ့ ရှယ်ယာ ၉၉ ဒသမ ၅ ရာခိုင်နှုန်းကို ပေါင် သန်း ၄၀၀ ကျော်နဲ့ ဝယ်ယူခဲ့တာပါ။
လက်ရှိမှာတော့ အကြွေး ပေါင် ၄၆၈ သန်း အပါအဝင် အသင်းကို ပေါင် သန်း ၇၅၀ မှ ၈၀၀ ကြားနဲ့ ပြန်လည် ရောင်းချဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
TFG ဟာ အသင်းကို ဝယ်ယူပြီးနောက်ပိုင်း အဲဗာတန်အပေါ် အာရုံစိုက်မှု နည်းပါးခဲ့သလို နည်းပြ ဒေးဗစ်မိုယက်စ်နဲ့တောင် တွေ့ဆုံစကားပြောခဲ့တာ မရှိတဲ့အတွက် ပရိသတ်တွေနဲ့ ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။











