DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် သင်္ကြန်စတုဒိသာထမင်းကျွေးရန် စစ်ကောင်စီက ငွေကောက်ခံ
DVB
·
April 16, 2022
ဘိုကလေးတွင် သင်္ကြန်စတုဒိသာထမင်းကျွေးရန် စစ်ကောင်စီက ငွေကောက်ခံ
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ရှိ  စစ်ကောင်စီသင်္ကြန်မဏ္ဍပ်မှာ စတုဒိသာ ထမင်းကျွေးဖို့ ဘိုကလေးမြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကျေးရွာတွေမှာ ငွေလိုက်လံကောက်ခံ စေခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘိုကလေးမြို့နယ်မှာရှိတဲ့ ကျေးရွာက  ဒေသခံတစ်ဦးက  "မြို့ပေါ်က စစ်ကောင်စီသင်္ကြန်မဏ္ဍပ်မှာ ရေကစားတဲ့သူတွေနဲ့ လာရောက်လည်ပတ်တဲ့သူတွေကို စတုဒိသာကျွေးဖို့ ထွေအုပ်က  အလှူငွေကောက်ခိုင်းတာ။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သူတို့နဲ့ မကင်းရာမကင်းကြောင်း လုပ်ငန်းရှင်တွေဆီက ငွေလိုက်ကောက်နေတယ်။ မကင်းရာမကင်းကြောင်းဆိုတော့လည်း ပိုက်ဆံထည့်ရတာပေါ့”လို့   ပြောပါတယ်။

စစ်ကောင်စီ သင်္ကြန်မဏ္ဍပ်ကို  ဘိုကလေးမြို့နယ် မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးမှာ ပြုလုပ်ထားပြီး မဏ္ဍပ်မှာ Non CDM ဝန်ထမ်းတွေနဲ့ စစ်တပ်ထောက်ခံသူတချို့လာရောက် ရေကစားကြပါတယ်။

ဘိုကလေးမြို့ခံတယောက်က "မြို့ပေါ်ကလူတွေကတော့ ရေကစားတာမရှိဘူး ကလေးတွေပဲရှိတယ်။ သူတို့ မဏ္ဍပ်မှာလည်း ဝန်ထမ်းတွေနဲ့ သူတို့ လူတွေနဲ့ပဲရေကစားတာ။ သူတို့လူနဲ့သူပေါ့။ လုံခြုံရေးအပြည့်နဲ့ပဲ။ ဟိုးအရင်ကဆို မြို့ထဲမှာ မဏ္ဍပ်လေးတွေနဲ့ ရေပက်တာတွေရှိတယ်။ ဆိုင်ကယ် ဆိုက်ကားတွေနဲ့ ရေပက်ခံထွက်တာတွေရှိတယ်။ စတုဒိသာကြွေးတာတွေရှိတယ် ခုမရှိသလေါက်ပဲ"လို့ပြောပါတယ်။

စစ်ကောင်စီသင်္ကြန်မဏ္ဍပ်အနီးမှာ  စတုဒိသာထမင်းကျွေးဖို့ အရင်ကစီစဉ်ထားပေမဲ့  အကြောင်းအမျိုးမျိုးကြောင့် မြစိမ်းရောင်ဘုရားထဲမှာပဲ  စတုဒိသာကျွေးမှာဖြစ်တယ်လို့ ထွေအုပ်ဝန်ထမ်းတယောက်က ပြောပါတယ်။

ဘိုကလေးမှာ ဧပြီ ၁၄ ရက် မနက်ပိုင်းက စစ်ကောင်စီထောက်ခံသူလို့  ဒေသခံအများစုက သတ်မှတ်ထားတဲ့ အမျိုးသမီးတယောက် သေနတ်နဲ့ နားထင်ကို အနီးကပ် ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013