DVB Logo
Home
မြန်မာသတင်း
ကျိုက်မရောမြို့နယ်တွင် BGF ကင်းစခန်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး
DVB
·
April 16, 2022
ကျိုက်မရောမြို့နယ်တွင် BGF ကင်းစခန်း တိုက်ခိုက်ခံရပြီး  တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အတ္တရံတံတား(ချောင်းနှစ်ခွ)မှာ ဧပြီ ၁၆ ရက် မနက် ၆ နာရီခွဲလောက်က   စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ကင်းစခန်း တိုက်ခိုက်ခံရပြီး BGF တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။

BGF ကင်းစခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် BGF တပ်ဖွဲ့ ၅ ဦး သေဆုံးခဲ့ပြီး အလောင်းတွေကိုတော့ ချောင်းနှစ်ခွ သုသာန်ကို ပို့ဆောင်ပေးထားတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။

BGF ကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် အတ္တရံတံတား(ချောင်းနှစ်ခွ)မှာ အများပြည်သူ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး လုံခြုံရေး တင်းကျပ်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်ကလည်း ချောင်းနှစ်ခွတံတားရှိ စစ်ကောင်စီ ရဲကင်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနဲ့ PDF ပူးပေါင်းအဖွဲ့က လာရောက် တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ ၁ ဦး သေဆုံးပြီး  ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013