DVB Logo
Home
မြန်မာသတင်း
ပေါင်းတည်မြို့ရှိ ရုပ်ရှင်ရုံ နှစ်ဆန်း ၁ ရက် ပြန်ဖွင့်လှစ်ပြသမည်
DVB
·
April 15, 2022
ပေါင်းတည်မြို့ရှိ ရုပ်ရှင်ရုံ နှစ်ဆန်း ၁ ရက်  ပြန်ဖွင့်လှစ်ပြသမည်
Donate to DVB

ကိုဗစ်-၁၉ ရောဂါပထမလှိုင်း မြန်မာနိုင်ငံကို စတင်ချိန်တည်းက ပိတ်ထားတဲ့ ပဲခူးတိုင်း၊ ပေါင်းတည်မြို့က ရုပ်ရှင်ရုံကို လာမယ့်  နှစ်ဆန်း ၁ ရက် ဧပြီ ၁၇ ရက်မှာ ပြန်လည်ဖွင့်လှစ် ပြသသွားမယ်လို့ ရုပ်ရှင်ရုံကကြော်ငြာထားပါတယ်။

လတ်တလော တစ်နေ့ကို  ၁၂ နာရီခွဲပွဲ နဲ့ ၃ နာရီခွဲပွဲ  ၂ ပွဲသာ ပြသမှာဖြစ်ပြီး ပထဆုံးဇာတ်ကားအနေနဲ့ မင်းသား လူမင်းပါဝင်သရုပ်ဆောင်ထားတဲ့ ‌”ဝေးမနေချင်ဘူး”ဆိုတဲ့ ဇာတ်ကားနဲ့ စတင်စမ်းသပ်ပြသမှာ ဖြစ်တယ်လို့ ရုပ်ရှင်ရုံဝန်ထမ်း တစ်ဦးက ပြောပါတယ်။

“ဖွင့်ပွဲ အနေနဲ့ပြမှာ စမ်းကြည့်မယ့်သဘောပါပဲ။ အဆင်ပြေရင်ဆက်ပြမယ်။ အချိန်လည်း ထပ်တိုး ပြမယ်။ လက်မှတ်ခကလည်း အရင်ဈေးအတိုင်း ၁၀၀၀၊ ၁၅၀၀၊ ၂၀၀၀၊ ၃၀၀၀ ကျပ် ဈေးတွေပါပဲ။ ကိုဗစ်အခြေအနေပေါ်မူတည်ပြီး အစိုးရထုတ်အပြန်တဲ့အပေါ်မှာတော့ အပြောင်းအလဲရှိကောင်းရှိမှာပေါ့။ ပိုစတာတွေလည်း ချိတ်ပြီးသွားပြီ။ ကြော်ငြာပိုစတာတွေလည်း ကပ်ပြီးသွားပြီ”လို့ ရုပ်ရှင်ရုံဝန်ထမ်းက ပြောပါတယ်။

ပေါင်းတည်မြို့မှာ အရင်က ရုပ်ရှင်ရုံ ၂ ရုံရှိပြီး တရုံက ဖျက်သိမ်းလိုက်ပြီးဖြစ်ပါတယ်။ အခု ကျန်နေတဲ့ ရုပ်ရှင်ရုံကို အရင်က တိုင်းချစ်ရုပ်ရှင်ရုံလို့ ခေါ်ပြီး ပေါင်းတည်မီးသတ် တပ်ဖွဲ့ရုံးရဲ့ အနောက်ဘက် ၀င်းထဲမှာတည်ရှိပါတယ်။ 

ဒီဘက်ခေတ်မှာတော့  3D နဲ့ Digital ရုပ်ရှင်တွေ ခေတ်စားလာချိန်  နာမည်ရော အပြင်အဆင်တွေကအစ  အဆင့်မြှင့်တင်ပြီး  Century Cinemas အဆင့်မြင့်ရုပ်ရှင်ရုံဆိုပြီး ပြောင်းလိုက်ပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် မြန်မာနိုင်ငံတဝန်း ရုပ်ရှင်ရုံပေါင်း ၆၀ လောက်ကို နှစ်ဆန်း ၁ ရက် ဧပြီ ၁၇ ရက်မှာ   ပြန်လည်ဖွင့်လှစ် ပြသဖို့ ပြင်ဆင်နေတာဖြစ်ပြီး မပြတဲ့ရုံတွေ ပိတ်သိမ်းခံရမယ်လို့ ဖိအားပေး ခြိမ်းခြောက်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013