DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကြောင့် လူစုလူဝေးကန့်သတ်ချက်အမိန့် စစ်ကောင်စီ ပယ်ဖျက်
DVB
·
April 14, 2022
ကိုဗစ်ကြောင့် လူစုလူဝေးကန့်သတ်ချက်အမိန့်  စစ်ကောင်စီ ပယ်ဖျက်
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ပင်ထားခဲ့တဲ့ လူစုလူဝေးကန့်သတ်ချက်အမိန့်ကို  လာမယ့် မြန်မာနှစ်ဆန်း ၁ ရက်ကစလို့  ပယ်ဖျက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက ဒီနေ့ ဧပြီ ၁၄ ရက် မှာ ကြေညာပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ အခြေအနေတွေအပေါ် သုံးသပ်ချက်တွေအရ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေတာ၊ ပိုးတွေ့နှုန်းနဲ့ သေဆုံးနှုန်းတို့ သိသိသာသာကျဆင်းလာတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့် ဧပြီ ၁၇ ရက်ကစလို့ လူစုလူဝေးကန့်သတ်ချက်ကို ပယ်ဖျက်တာဖြစ်ပြီး တခြားထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို ဆက်လက်လိုက်နာဖို့လိုသလို ပျက်ကွက်ရင်တော့ အရေးယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနရဲ့ ဝန်ကြီးက ထုတ်ပြန်ပါတယ်။

“တကယ်တော့ ကိုဗစ်ကြောင့် သေတဲ့ဦးရေကလည်း သိသိသာသာလျော့သွားပြီ၊ မရှိသလောက်ပဲလေ။ ကာကွယ်ဆေးထိုးကြတာလည်းပါမယ်။ ရောဂါဖြစ်ထားသူကလည်း အားလုံးနီးပါး ဖြစ်နေတာလည်း ပါမှာပေါ့။ သူတို့ ခွင့်မပြုရင်လည်း လူတွေက စုနေကြတာပဲ” လို့ ရန်ကုန်ဒေသခံတယောက်က ပြောပါတယ်။

ကိုဗစ်မျိုးစိတ်သစ် အိုမီခရွန်ပျံ့နှံ့တာများလာချိန် ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့ကလည်း လူ ၄၀၀ အထိ စုဝေးနိုင်ပြီလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့ပါသေးတယ်။

မြန်မာမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၂၇ သန်းကျော်ပြီလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက ဒီလဆန်းမှာ ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ ဆက်ပြီး အဆင့်ဆင့် သန္ဓေပြောင်းနေမှာဖြစ်ပြီး ကူးစက်မှုနဲ့ ကာကွယ်ဆေးတွေကြောင့် ရောဂါခုခံနိုင်တဲ့စနစ်ကလည်းတိုးလာလို့ ရောဂါပြင်းထန်မှုက အချိန်နဲ့အမျှ လျော့သွားလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ် တေဒရို အဒ်ဒါနွန် ဂေဘရီယေးဆပ်က ပြောထားပါတယ်။

Photo- MOH

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013