DVB Logo
Home
မြန်မာသတင်း
ပလိပ်မြို့အနီး ရဲတပ်ရင်းကို PDF ပူးပေါင်းတပ်များတိုက်ခိုက်၊ ရဲ ၄ ဦးသေ
DVB
·
April 14, 2022
ပလိပ်မြို့အနီး ရဲတပ်ရင်းကို PDF ပူးပေါင်းတပ်များတိုက်ခိုက်၊ ရဲ ၄ ဦးသေ
Donate to DVB

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရဲစခန်းအနီးမှာရှိတဲ့ ရဲတပ်ရင်း ၁၄ ကို ဧပြီ  ၁၄ ရက်၊ သင်္ကြန်အကြိုနေ့ မနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ  ရဲ ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ဒီမနက်အစောပိုင်း ၃ နာရီ ၄၅ မိနစ်မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ မြစ်ငယ် Local PDF၊ စဉ့်ကိုင် Local PDF၊ နဲ့ တပ်ကုန်း Local PDF တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာမှာ ရဲ ၄ ယောက် ပွဲချင်းပြီး သေဆုံးကာ တယောက်ဆေးရုံတင်ပို့ထားရတယ်လို့ စဉ့်ကိုင် PDF က သတင်းထုတ်ပြန်ထားပါတယ်။

LPDF မြစ်ငယ် ရဲ့ တာဝန်ရှိသူတစ်ဦးက "ကျနော်တို့သုံးဖွဲ့ပေါ့ဗျာ၊တပ်ကုန်း PDFရယ်၊LPDF စဉ့်ကိုင်ရယ်၊ MN PDF မြစ်ငယ်ရယ် သွားတိုက်ကြတာ လက်နက်ကြီးနှစ်ချက်နဲ့ ကျနော်တို့ကျန်တာကတော့၊ အရှည်တွေနဲ့ ဆွဲခဲ့တာ၊ သူတို့တော့ ဘာမှကိုပြန်မခုခံနိုင်ဘူး၊ သူတို့ဘက်က လေးဦးကျတယ်၊ တစ်ဦး ဒဏ်ရာပြင်းထန်တယ်"လို့ ပြောပါတယ်။

ရဲကင်းဘက်က ပြန်လည်တုံ့ပြန်နိုင်ခြင်း မရှိခဲ့ဘဲ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိအခိုက် အကျအဆုံးလုံးဝမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့ ဒေါက်တိုင်တွေကို ရှေ့ဆက်ပြီး တိုက်ခိုက်သွားမယ်လို့လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေထံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013