DVB Logo
Home
နိုင်ငံတကာ
ဂျပန်နှင့် ယူကရိန်း ပူးပေါင်းပြီး ဈေးသက်သာသည့် ဒရုန်းအများအပြား ထုတ်လုပ်မည်
DVB
·
April 9, 2026
Photo: REUTERS/Valentyn Ogirenko
Photo: REUTERS/Valentyn Ogirenko
Donate to DVB

အီရန်ရဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်ဖို့ စျေးသက်သာတဲ့ နည်းလမ်းတခုအဖြစ် ဒေါ်လာ ၂,၅၀၀ တန် ကြားဖြတ်ဒရုန်းတွေကို အမြောက်အမြားထုတ်လုပ်ဖို့ ဂျပန်ဒရုန်းထုတ်လုပ်သူတယောက်က  ယူကရိန်း မိတ်ဖက်တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်-အစ္စရေးစစ်ပွဲ စကတည်းက အီရန်အစိုးရဟာ ရုရှားက ယူကရိန်းမှာ သုံးတဲ့ ရှာဟိဒ်ဒုံးကျည်တွေ အပါအဝင် ဈေးပေါတဲ့ ဒရုန်းတွေကို အစုလိုက်အပြုံလိုက် ထုတ်လုပ်ခဲ့ပါတယ်။

ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အမေရိကန်တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဒုံးကျည်တွေကို ပစ်ချဖို့ ဈေးကြီးတဲ့ ကြားဖြတ်ဒုံးပျံတွေကို အဓိက အားကိုးခဲ့ကြပါတယ်။

ပမာဏများများ ဖြန့်ကြက်ထားတဲ့ ဈေးပေါတဲ့ စနစ်တွေဟာ အဆင့်မြင့် လေကြောင်းကာကွယ်ရေး ဒုံးပျံတွေကို တဖြည်းဖြည်း လျော့နည်းစေနိုင်တဲ့ လေကြောင်းတိုက်ပွဲမှာ ပိုကျယ်ပြန့်တဲ့ အပြောင်းအလဲကို အလေးပေး ဖော်ပြခဲ့ပါတယ်။

တယ်ရာဒရုန်း ကော်ပိုရေးရှင်းရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ တည်ထောင်သူ တိုရု တိုခုရှိငဲ့က “ဒုံးကျည်တွေနဲ့ ပစ်ချတာက အဆင်ပြေပါတယ်၊ ဒါပေမဲ့ ယန်း ၅ သန်း ကုန်ကျတဲ့ ရှဟတ်ဒ် (ဒရုန်း) ကို ယန်း သန်းရာပေါင်းများစွာ ကုန်ကျတဲ့ ဒုံးကျည်နဲ့ ပစ်ချတဲ့ စီးပွားရေးဆိုင်ရာ ကျိုးကြောင်းမဆီလျော်မှုမျိုးက မဖြစ်နိုင်တော့ပါဘူး။ လူတွေက ဒါကို သဘောပေါက်လာကြပါပြီ” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတွေ အထူးသဖြင့် ပင်လယ်ကွေ့နိုင်ငံတွေဟာ အီရန်ထုတ် ရှာဟတ်ဒ် ဒရုန်းတွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ခံနေရပြီး သူတို့ရဲ့ ထုတ်ကုန်အပေါ် “အလွန်” စိတ်ဝင်စားခဲ့ကြတယ်လို့ တိုခုရှိငဲ့က ပြောပါတယ်။

တယ်ရာဒရုန်း ကော်ပိုရေးရှင်းရဲ့ ကြားဖြတ်တိုက်လေယာဉ် ဒရုန်းတခုစီရဲ့ ဈေးနှုန်းက ၂,၅၂၆ ဒေါ်လာပါ။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြေပြင်ကနေ ပစ်လွှတ်တဲ့ ပက်ထရီရော့ ဒုံးကျည်တွေက တခုစီကို ဒေါ်လာ ၄ သန်းလောက် ကုန်ကျနိုင်ပြီး ရှာဟတ်ဒ် ဒရုန်းတခုကတော့ ဒေါ်လာ ၂၀,၀၀၀ လောက်သာ ကုန်ကျမယ်လို့ ခန့်မှန်းရပါတယ်။

အရှေ့အလယ်ပိုင်းပဋိပက္ခရဲ့ ပထမအပတ်မှာ အီရန်က ဒရုန်း ၁,၀၀၀ ကျော် လွှတ်တင်ခဲ့ပြီး တလကို ဒရုန်း ၁၀,၀၀၀ လောက် ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ရုရှားအစိုးရက ယူကရိန်းကို ရှာဟတ်ဒ်ဒရုန်းနဲ့ တိုက်ခိုက်တာတွေကို တန်ပြန်ဖို့ ကြားဖြတ်ဒရုန်း တယ်ရာ A1 ကို တယ်ရာဒရုန်း ကော်ပိုရေးရှင်းက ဒီဇိုင်းထုတ်ခဲ့တာပါ။

သဘောတူညီချက်အရ ဂျပန်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုနဲ့ ထုတ်လုပ်မှုနည်းပညာတွေကို ပံ့ပိုးပေးနေချိန်မှာ ပြည်ပကိုလည်း ဈေးကွက်တင်မှာ ဖြစ်ပါတယ်။

ယူကရိန်း ကြားဖြတ်ဒရုန်းနည်းပညာအတွက် ရင်းနှီးမြှုပ်နှံဖို့ တယ်ရာဒရုန်းရဲ့ ကြေညာချက်အပေါ် ကန့်ကွက်တဲ့အနေနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၈ ရက်မှာ ဂျပန်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပါတယ်။

တယ်ရာဒရုန်းက ဆော်ဒီအာရေဗျနိုင်ငံပိုင် ရေနံကုမ္ပဏီ အာရမ်ကိုအတွက် စစ်တမ်း ကောက်ယူရေးနဲ့ စစ်ဆေးရေးဒရုန်းတွေကို ထောက်ပံ့ပေးနေပြီး အရှေ့အလယ်ပိုင်းမှာ ကြားဖြတ်ဒရုန်း ထုတ်လုပ်မှုကို တည်ထောင်ဖို့ ဆော်ဒီကို သုံးနိုင်တယ်လို့ သူက ထပ်လောင်းပြောခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013