DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ရဲတပ်ဖွဲ့ဝင်ဇနီးများ သင်္ကြန်ယိမ်းအတွက် အကတိုက်နေရ
DVB
·
April 11, 2022
ဧရာဝတီတိုင်းတွင် ရဲတပ်ဖွဲ့ဝင်ဇနီးများ သင်္ကြန်ယိမ်းအတွက် အကတိုက်နေရ
Donate to DVB

ဧရာဝတီတိုင်းအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးပြုလုပ်မယ့် သင်္ကြန်ပွဲတော်အတွက် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးဖြစ်သူတွေကိုပါ သင်္ကြန်ယိမ်းတိုက်ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

နှစ်တိုင်း သင်္ကြန်ယိမ်းအကတိုက်ရာမှာ ရဲတပ်ဖွဲ့ဝင်ဇနီးတွေ ပါဝင်လေ့မရှိပေမယ့် ဒီနှစ်မှာ အာဏာသိမ်း စစ်ကောင်စီကောင်စီက အတင်းအကျပ် သင်္ကြန်ပွဲပြုလုပ်ဖို့ ဖိအားပေးတာကြောင့် အင်အားမလုံလောက်လို့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးဖြစ်သူတွေကိုပါ သင်္ကြန်ယိမ်းအတွက် အကတိုက်ခိုင်းနေတာလို့ ရဲတပ်ဖွဲ့ အသိုင်းဝိုင်းက သိရပါတယ်။

“နှစ်တိုင်းက အမျိုးသမီးတပ်ဖွဲ့ဝင်ပဲ ကရတာ၊ ဒီနှစ် အင်အားမလောက်တော့ သူတို့ပါ ကရမယ်ဆိုပြီး လူကြီးတွေက စီစဉ်တာ။ ပင်ပန်းလာတဲ့အခါတော့ တိုးတိုးကြိတ်ဆဲနေတာပေါ့။ သူကြောင့် ဒီလိုတွေဖြစ်ရတာဆိုပြီး မအလကိုပြောတာ” လို့ ရဲတပ်ဖွဲ့ဝင်အမျိုးသမီးတဦးက ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးဖြစ်သူတွေ အကတိုက်ရချိန်မှာ ကလေးမရှိတဲ့ သူတွေက အဆင်ပြေပေမယ့် ကလေးရှိတဲ့ မိသားစုတွေက အိမ်အလုပ်တွေ မပြီးလို့ လိုင်းခန်းမှာ ဆဲဆိုရန်ဖြစ်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးဖြစ်သူတွေကိုပါ ခုလိုမျိုး ခေါ်ခိုင်းတာဟာ ကျွန်ဝယ်ရာ အဆစ်ပါဆိုတဲ့ မြန်မာစကားပုံ အတိုင်းဖြစ်နေပြီး မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက သုံးသပ်ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013