DVB Logo
Home
မြန်မာသတင်း
မီနီဘတ်ဂျတ် ၆ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၆၄၀ ကျော်သာဝင်ရောက်
DVB
·
April 10, 2022
မီနီဘတ်ဂျတ် ၆ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၆၄၀ ကျော်သာဝင်ရောက်
Donate to DVB

မကြာသေးခင်က ကုန်ဆုံးခဲ့တဲ့ ၂၀၂၁−၂၀၂၂  ဘဏ္ဍာနှစ် မီနီဘတ်ဂျက် ၆ လ အတွင်း မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၄၀ ကျော်သာ ၀င်ရောက်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ သိရပါတယ်။

အဲဒီ နှစ်၀က်ဘတ်ဂျက်ကာလအတွင်းမှာ ပြည်ပရင်းနှီးမြှပ်နှံမှု လုပ်ငန်းသစ် ၄၉ ခု ၀င်ရောက်ခဲ့ပြီး အရင်လုပ်ငန်းတွေကနေ ရင်းနှီးမြှပ်နှံမှုတိုးမြှင့်တာအပါအ၀င် စုစုပေါင်း ၀င်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတန်ဖိုးက အမေရိကန်ဒေါ်လာ  ၆၄၇ သန်း ဖြစ်ပါတယ်။ 

ဒီပမာဏဟာ နှစ်စဥ် ပုံမှန်ဝင်ရောက်မှုရှိခဲ့တဲ့ ပမာဏနဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံအပေါ် ပြည်ပရင်းနှီးမြုပ်နှံ ၀င်ရောက်မှုက  ရာခိုင်နှုန်းအားဖြင့် ထက်ဝက်ကျော် ကျဆင်းမှုရှိခဲ့တာာဖြစ်ပါတယ်။

ကဏ္ဍအလိုက် ၀င်ရောက်မှုအနေနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ကန်ဒေါ်လာသန်း ၂၀၀ကျော်၊ ၀န်ဆောင်မူကဏ္ဍမှာ ၂၁၉ သန်းကျော် အများဆုံး ၀င်ရောက်ခဲ့ပါတယ်။ ပြည်ပရင်းနှီးမြှပ်နှံမူ လုံး၀ ၀င်ရောက်ခဲ့ခြင်း မရှိတဲ့ ကဏ္ဍတွေကတော့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ကဏ္ဍ၊ အိမ်ခြံမြေလုပ်ငန်းကဏ္ဍနဲ့ သတ္တုတူး ဖော်ခြင်းလုပ်ငန်း ကဏ္ဍတို့ပဲ ဖြစ်ပါတယ်။

နိုင်ငံအလိုက် ၀င်ရောက်မှုအနေနဲ့ စင်ကာပူနိုင်ငံက ကန်ဒေါ်လာ ၂၉၇ သန်းကျော်ရှိပြီး၊ တရုတ်နိုင်ငံက သန်း ၁၄၀ကျော်နဲ့ ဒုတိယအများဆုံး ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ ဟောင်ကောင်ကတော့ ကန်ဒေါ်လာ သန်း ၁၀၀ကျော်နဲ့ တတိယအများဆုံး ၀င်ရောက်ရင်နှီးမြှပ်နှံခဲ့တာပါ။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုတွေ သိသိသာသာ ကျဆင်းလာခဲ့သလို မြန်မာနိုင်ငံအတွင်းရင်းနှီးမြှပ်နှံမှု အများဆုံး ထိပ်တန်းနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ စင်ကာပူတို့ရဲ့ ၀င်ရောက်မှုတွေလည်း သိသိသာသာကျဆင်းခဲ့ပါတယ်။

အရပ်သားအစိုးရတာ၀န်ယူထားတဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်မှာ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ပမာဏက ၄ ဒသမ ၈ ဘီလီယံကျော် ရှိခဲ့ပြီး၊ အရပ်သားအစိုးရလက်ထက်မှာ ၄ လ၊ စစ်ကောင်စီလက်အောက်မှာ ၈ လ ရှိခဲ့တဲ့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာ ၀င်ရောက်ခဲ့တဲ့ ရင်းနှီးမြှပ်နှံမူ ပမာဏက အမေရိကန်ဒေါ်လာ  ၃ ဒသမ ၇၉၁ ဘီလီယံ သာရှိခဲ့ကာ ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံး ပမာဏထိ ကျဆင်းခဲ့ပါတယ်။

၂၀၂၁−၂၀၂၂  ၆ လဘတ်ဂျက်အတွင်းမှာ၀င်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ပမာဏက အမေရိ ကန်ဒေါ်လာ သန်း ၆၄၀ ကျော်သာ ရှိခဲ့တာကြောင့် မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှပ်နှံမှုကဏ္ဍဟာ   ပုံမှန်အခြေအနေ ပြန်ရောက်ဖို့မလွယ်ကူတော့တယ့် အခြေအနေမှာ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင်ကလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့တာကြောင့် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံတာတွေနဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်တွေမှာ ကျဆင်းမှုရှိလာခဲ့တယ်လို့ ဝန်ခံပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013