DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလမ်းရှိ တံတားတစင်း မိုင်းခွဲဖျက်ဆီးခံရ
DVB
·
April 7, 2022
မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလမ်းရှိ တံတားတစင်း မိုင်းခွဲဖျက်ဆီးခံရ
Donate to DVB

မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့သွားလမ်း တရိမ်းကျေးရွာနဲ့ တောင်ပြိုလက်ဝဲမြို့ အကြားရှိ ထန်းချောင်းတံတားကို ဧပြီ ၆ ရက် ည ၇ နာရီလောက်က ARSA အကြမ်းဖက်သမားတွေ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရိမ်းကျေးရွာသားတဦးက "ဟုတ်ပါတယ်။ မနေ့က ည ပေါက်ကွဲသံ ကြားလိုက်ရတယ်။ မနက်ကျမှသိရတာ ARSA က တံတားကို မိုင်းခွဲတာလို့။ ထိခိုက်မှုတော့မရှိပါ။ အဲဒီတံတားအနီးမှာ အရင်ကလည်း ကျီးကန်းပြင်ဌာနချုပ်ကို တောင်ပြိုက အစည်းအဝေးသွားတက်တဲ့ နယ်ခြားစောင့်ကားကို ARSA က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာပါ" လို့ ပြောပါတယ်။

မိုးခွဲဖျက်ဆီးခံရတဲ့ ထန်းချောင်းတံတားဟာ အလျား ၅၀ ပေ၊ အနံ ၁၆ ပေရှိ သံကူကွန်ကရစ် တံတားဖြစ်ပြီး မိုင်းခွဲခံရမှုကြောင့် တံတားမှာ ၁ ပေပတ်လည်လောက် ကြမ်းခင်းလမ်း ပေါက်ပြဲပျက်စီးခဲ့ပေမယ့် ကားတွေတော့ သွားလို့ရတယ်လို့ တောင်ပြိုမှ ကားသမားတဦးက ပြောပါတယ်။

“လမ်းတော့ ပိတ်မထားဘူး။ ကျနော်တို့ အခု မောင်တောကို ဆင်းလာကြတာ၊ တံတားကတော့ ပေါက်သွားတယ်။ ကားတွေသွားလို့ ရပါတယ်။ လုံခြုံရေးတော့ အပြည့်ချထားတယ်။”

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ် ၂၄ ရက်နေ့ကလည်း တောင်ပြိုလက်ဝဲမြို့မှာ တာဝန်ကျနေတဲ့ အမှတ် ၆ နယ်ခြားစောင့်တပ်ဖွဲ့ခွဲက ကား ၂ စီးနဲ့ အမှတ် ၁ နယ်ခြားစောင့်ကွပ်ရေးရုံး ကျီးကန်းပြင်ဌာနချုပ်ကို အစည်းအဝေးတက်ဖို့ လာရောက်စဉ် အဲဒီ ထန်းချောင်းတံတားအနီးမှာ ARSA အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ အရာရှိ ၂ ဦးနဲ့ တပ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

အခုရက်ပိုင်းအတွင်း မောင်တောမြောက်ပိုင်းမှာ ARSA အဖွဲ့ရဲ့ လုပ်ရှားမှု ဗွီဒီယိုတွေ အွန်လိုင်းမှာ ပျံ့နှံ့နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013