DVB Logo
Home
မြန်မာသတင်း
ဖက်ဆစ်ပညာရေးကိုသပိတ်မှောက်ပြီး NUG ပညာရေး တယ်လီဂရမ်ချန်နယ်များမှတဆင့် သင်ယူနိုင်
DVB
·
April 7, 2022
ဖက်ဆစ်ပညာရေးကိုသပိတ်မှောက်ပြီး NUG ပညာရေး တယ်လီဂရမ်ချန်နယ်များမှတဆင့် သင်ယူနိုင်
1 / 2
Donate to DVB

ဖက်ဆစ်ပညာရေးစနစ်ကို သပိတ်မှောက်ပြီး ကြားကာလ အခြေခံအဆင့် ပညာရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တယ်လီဂရမ်ချန်နယ်ကတဆင့် သင်ယူနိုင်မယ့် MBEH Telegram Channels QR Code တွေကို မျှဝေပေးထားပါတယ်။

အခြေခံပညာအဆင့် အတန်းစုံ၊ ဘာသာစုံ၊ သင်ရိုးကုန် သင်ကြားမှု ဗွီဒီယိုပေါင်း ၃,၃၀၀ ကျော် ဖန်တီးလွှင့်တင်ပေးထားတဲ့ ဒီသင်ကြားမှု ဗွီဒီယိုလေးတွေ အားလုံးကတော့ ပြည်သူ့ဘက်တော်သား ဆရာ၊ ဆရာမတွေက အိမ်မှာနေရင်း ကိုယ်တိုင်သင်ယူလို့ရအောင် အခက်အခဲပေါင်းများစွာ ကြားထဲက ပြေးလွှား‌ရှောင်တိမ်းနေရရင်း ကိုယ်တိုင် ကြိုးစားသင်ကြားပြီး အရည်အသွေးအဆင့်ဆင့် သေချာစိစစ် ဖန်တီးပေးထားကြတာလို့ ဆိုပါတယ်။

ပညာရေးဟာ နိုင်ငံ့အရေးဖြစ်ပြီး ပြည်သူ့ပညာရေးယန္တရားကို ပြည်သူ့အင်အားနဲ့ ကိုယ်တိုင်ဝိုင်းကူ အတူတူ တည်ဆောက်‌ကြရမှာမို့ အားလုံးပါဝင်ပြီးတော့ ဆက်လက်တော်လှန်ကြဖို့လည်း တိုက်တွန်းထားပြီး ခုသင်ကြားရေး ဗွီဒီယိုတွေထဲမှာတော့ အသက် ၅ နှစ်ပြည့်ပြီး သူငယ်တန်းအဆင့်ကနေ ဒသမတန်းအထိ သင်ယူလေ့လာနိုင်မှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ပထမဆုံး ပြန်လည်ကျင်းပတဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုဖို့ ကျောင်းသား ၃ သိန်းကျော် စာရင်းပေးခဲ့ပေမယ့် ၂ သိန်း ၈ သောင်းကျော်သာ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အများစုက သပိတ်မှောက်ခဲ့ကြတာကို တွေ့ရပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ ၁၀ သိန်းနီးပါးအထိ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းခဲ့တာမို့ အဲဒီလို အကြမ်းဖက်စစ်ကောင်စီ စီစဉ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မဖြေဆိုဘဲ သပိတ်မှောက်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ အသိအမှတ်ပြု အလေးပြု ဂုဏ်ပြုလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီဗွီဘီမှာ ပြောကြားထားပါတယ်။

ဒါ့အပြင် အဆင့်မြင့်ပညာအဆင့်မှာလည်း လတ်တလော အကြမ်းဖက်အာဏာသိမ်း စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ဖက်စစ်ပညာရေးစနစ်ကို တိုက်ဖျက်ဖို့အတွက် ရန်ကုန်တက္ကသိုလ် အပါအဝင် ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ကြားကာလ တက္ကသိုလ်ကောင်စီတွေ ဖွဲ့စည်းထားပြီး နွေဦးတော်လှန်‌ရေးမှာ ဆက်လက်ပြီးတော့ ပါဝင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013