DVB Logo
Home
မြန်မာသတင်း
RCSS နှင့် UWSA တိုက်ပွဲဖြစ်၊ တွေ့ဆုံဆွေးနွေး အဖြေရှာမည်ဟု RCSS ပြော
DVB
·
April 7, 2022
RCSS နှင့် UWSA တိုက်ပွဲဖြစ်၊ တွေ့ဆုံဆွေးနွေး အဖြေရှာမည်ဟု RCSS ပြော
Donate to DVB

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA ရှမ်းတပ်နဲ့ UWSA ‘ဝ' တပ်ဖွဲ့တွေအကြား ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် မုံးထားဒေသထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဧပြီ ၅ ရက် မနက် ၁၀ နာရီခွဲလောက်က UWSA စစ်ဒေသ ၁၇၁ လက်အောက်ခံ တပ်ဖွဲ့ဝင်တချို့က RCSS တပ်ဖွဲ့ဝင်တွေရှိရာ တောင်ကုန်းဘက်ကို လာတိုက်တဲ့အတွက် တိုက်ပွဲဖြစ်တာလို့ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးခမ်းစံက ဒီဗွီဘီကို ပြောပါတယ်။

“UWSA ရဲ့ ၁၇၁ စစ်ဒေသလက်အောက်ခံ တပ်ဖွဲ့တွေက မုံးထားတောင်ဘက်မှာရှိတဲ့ RCSS စခန်းကုန်းရှိတဲ့နေရာကို တက်ပြီးတော့ တိုက်ခိုက်တယ်။ တိုက်တာတော့ သိပ်မကြဘူးခင်ဗျ၊ ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲကြာတယ်။ နောက်ပိုင်းကျတော့ သူတို့ပြန်ဆုတ်သွားတယ်။ ထိခိုက်ကျဆုံးမှု အခြေအနေတော့ မသိရသေးပါဘူး။ အခုလက်ရှိတော့ တိုက်ပွဲငြိမ်သက်နေပါတယ်ခင်ဗျ။ ဒါပေမဲ့ နှစ်ဖက် တပ်လှန့်ထားတာရှိတော့ စစ်ရေးတင်းမာမှုတော့ ရှိနေတုန်းပေါ့။"

UWSA နဲ့ RCSS တို့ဟာ ဒီမတိုင်ခင် ရှ့က ဘာပြဿနာမှမရှိဘဲ အခုလို လာတိုက်တာကတော့ တဖက်က ရည်ရွယ်ချက်ရှိရှိနဲ့ မီးစပွားအောင် ဆောင်ရွက်နေတယ်လို့ ယူဆကြောင်း၊ လောလောဆယ် တွေ့ဆုံမှုလမ်းကြောင်းကနေ အကြောင်းရင်းသိရအောင် မေးမြန်းဆွေးနွေးသွားမယ်လို့ ဗိုလ်မှူးခမ်းစံက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး UWSA ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကတော့ RCSS အဖွဲ့က လွယ်မန်ထုံ ကြားခံနယ်မြေထဲ ကျူးကျော်ဝင်လာပြီး စနိုက်ပါနဲ့ ချောင်းပစ်လို့ ‘ဝ’ တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း ပြောပါတယ်။

ဒါ့အပြင် RCSS တပ်က အင်အား ၂၀ နဲ့ သူတို့ထိန်းချုပ်နယ်မြေ မုန်းထစခန်းကို နယ်မြေကျူးကျော်လာပြီး စပစ်ရာက ‘ဝ’ ရဲ‌ဘော် ၁ ဦး ကျဆုံးလို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားတာ ဖြစ်တယ်၊ RCSS ဘက်က ၅ ဦးကျဆုံးပြီး လက်နက်ငယ် ၆ လက်ရရှိ၊ UWSA ဘက်က ၂ ဦး ဒဏ်ရာအနည်းငယ် ရတယ်လို့ ဦးညီရမ်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။

RCSS ဟာ လတ်တလော ရှမ်းပြည်တောင်ပိုင်း ရပ်စောက်၊ လဲချား၊ မိုင်းကိုင်၊ မိုင်းပွန်ဘက်ကို ဝင်ရောက်လာတဲ့ SSPP အပါအဝင် တပ်ပေါင်းစုနဲ့ပါ စစ်ရေးတင်းမာမှုတွေ ရှိနေကြောင်း၊ တိုက်ပွဲဖြစ်ရင် စစ်ဘေးရှောင်တွေ တိုးပွားလာကာ နှစ်ဖက်တပ် ထိခိုက်နစ်နာတာတွေရှိလို့ ဖြစ်နိုင်ရင် တိုက်ပွဲမဖော်ဆောင်လိုကြောင်း ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013