DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းက စက်ရုံအချို့တွင် အလုပ်သမားများကို အတင်းအဓမ္မ အလုပ်စေခိုင်း
DVB
·
April 5, 2022
ရန်ကုန်တိုင်းက စက်ရုံအချို့တွင် အလုပ်သမားများကို အတင်းအဓမ္မ အလုပ်စေခိုင်း
Donate to DVB

ရန်ကုန်တိုင်းအတွင်း  စက်မှုဇုန်တွေက စက်ရုံတချို့မှာ အလုပ်ရှင်တွေက သင်္ကြန်ပိတ်ရက်မတိုင်ခင် အလုပ်သမားတွေကို အချိန်ပိုဆင်းခိုင်းပြီး အတင်းအဓမ္မ အလုပ်စေခိုင်းမှုတွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

စက်ရုံတာဝန်ရှိသူတချို့က အလုပ်သမားတွေရဲ့ ပုံမှန်နားရက်တွေမှာ အချိန်ပိုဆင်းခိုင်းတာ၊ ညလုံးပေါက် အချိန်ပိုဆင်းခိုင်းတာမျိုးတွေ ပြုလုပ်ပြီး လုပ်အားကို ပြင်းပြင်းထန်ထန် ညှစ်ယူနေတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက စက်ရုံတွေ ပိတ်သိမ်းတာ၊ ရင်းနှီးမြှုပ်နှံသူတွေ ထွက်ခွာတာတွေကြောင့် အလုပ်သမားတွေဟာ အလုပ်အကိုင်ရှားပါးတာနဲ့ ကြုံတွေ့ခဲ့ရပြီး အလုပ်မရှိတော့မှာကို စိုးရိမ်နေရတဲ့အပေါ် အလုပ်ရှင်တချို့က အခွင့်အရေးယူ အနိုင်ကျင့်လာတာလို့ အလုပ်သမားတွေက ပြောပါတယ်။

စက်မှုဇုန်လုပ်သားတဦးက “All Night ဆင်းခိုင်းတာတွေ လုပ်တယ်။ တညလုံး လုပ်ရပြီး နောက်ရက် အလုပ်ပြန်ဆင်းရတယ်။ အဲဒီလိုလုပ်ရတော့ အလုပ်သမားတွေမှာ ကျန်းမာရေးရော တခြားထိခိုက်မှုတွေရောရှိတယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းမှုမတိုင်ခင် ကိုဗစ်ကာလကတည်းက အလုပ်သမားတွေဟာ အလုပ်အကိုင် ရှားပါးတာ၊ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်လာတာတွေကြောင့် ရှင်သန်ရပ်တည်ဖို့ ခက်ခဲခဲ့ပါတယ်။ 

စီးပွားရေးလုပ်ငန်းရှင်တွေကလည်း တွက်ခြေမကိုက်ကြတော့တဲ့အတွက် လုပ်သားတွေဆီက လုပ်အားကို လိုတာထက်ပိုပြီး ညှစ်ယူလာကြတာ ဖြစ်ပါတယ်။

လုပ်သားတွေဟာ အလုပ်သမားဥပဒေပါအခွင့်အရေးတွေကို ဆုံးရှုံးနေပြီး လုပ်ခလစာနဲ့ အချိန်ပိုကြေးတွေကို လုပ်ငန်းရှင်က ပေးသလောက်ပဲ ယူနေရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

အထည်ချုပ်လုပ်သားတဦးက “မလုပ်နိုင်ရင် ထွက်ဆိုတဲ့ အလုပ်ရှင်တွေရဲ့ အနိုင်ကျင့်မှုက ရှိနေတော့ အလုပ်သမားတွေလည်း မလွန်ဆန်နိုင်ဘူး။ တချို့ကတော့ အချိန်ပိုဆင်းရင် ပိုက်ဆံပိုရလို့ သဘောကျတာရှိတယ်” လို့ ပြောပါတယ်။

သင်္ကြန်ပိတ်ရက်မတိုင်ခင် အချိန်ပို အတင်းအကျပ် ဆင်းခိုင်းနေတာတွေနဲ့ ပတ်သက်ပြီး စက်ရုံလုပ်သားတွေရဲ့ တိုင်ကြားအကူအညီတောင်းခံတဲ့ အရေအတွက်ဟာ အခုရက်ပိုင်းအတွင်း အများဆုံးဖြစ်နေတယ်လို့  သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားရေးရာဌာနတွေနဲ့ ညှိနှိုင်းဖို့ အလုပ်သမားအရေး တက်ကြွသူတွေက ကြိုးစားနေပေမဲ့ လျစ်လျူရှုခံရတဲ့အခြေအနေမှာပဲ ရှိနေတယ်လို့ ဆိုပါတယ်။ 

STUM ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက “လုပ်သားတွေကို အချိန်ပိုစေခိုင်းတာဟာ အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ ခိုင်းစေလို့မရဘူးဆိုတဲ့ အချက်ကို အလုပ်သမားဥပဒေမှာ ဖော်ပြထားပေမဲ့ ဥပဒေကို ကျော်လွန်ပြီး လုပ်ငန်းရှင်တချို့က စေခိုင်းနေကြတာဖြစ်ပါတယ်။ 

NLD အစိုးရလက်ထက်တုန်းက သတ်မှတ်ခဲ့တဲ့ အနိမ့်ဆုံးလုပ်ခလစာ တရက် ၄၈၀၀ ကျပ်နှုန်းကိုလည်း အလုပ်သမားတွေဟာ ခံစားခွင့်မရတော့ပါဘူး။ 

ပုံမှန်ဝန်ထမ်း ခန့်ထားတာမျိုးမဟုတ်တော့ဘဲ အချိန်ပိုင်းနဲ့ ခေါ်ယူစေခိုင်းတာတွေကိုလည်း အလုပ်ရှင်တချို့က ပြုလုပ်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013