DVB Logo
Home
မြန်မာသတင်း
နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်အချို့တွင် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
DVB
·
April 2, 2022
နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်အချို့တွင် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Donate to DVB

စစ်ကောင်စီဩဇာခံ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန လက်အောက်က တက္ကသိုလ်တချို့မှာ  ပြီးခဲ့တဲ့ မတ် ၃၀ ရက်က  ဘွဲ့နှင်းသဘင်တွေ ကျင်းပခဲ့ကြတယ်လို့ တက္ကသိုလ်အသိုက်အဝန်းကနေ သိရပါတယ်။

မြန်မာနိုင်ငံ သတင်းနှင့်နည်းပညာ အချက်အလက်တက္ကသိုလ်၊ စစ်တွေ နည်းပညာတက္ကသိုလ်၊ တောင်ကြီးနည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် -ပင်လုံ၊ ကွန်ပျူတာတက္ကသိုလ်-ဟင်္သာတ စတဲ့ တက္ကသိုလ်တွေမှာ ဘွဲ့နှင်းသဘင်တွေ ကျင်းပတာ ဖြစ်ပါတယ်။

အဲ့ဒီ တက္ကသိုလ်တွေကိုတော့ ၂၀၂၁ မေလ ၅ ရက်က  ပြန်ဖွင့်ခဲ့တာဖြစ်ပြီးတော့ ကျောင်းတက်ရောက်ဖို့ကို  SMS တွေ၊ စာတိုက်တွေကနေ စာပို့ သတိပေးခဲ့တယ်လို့ CDM ကျောင်းသားတွေက ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီပေးတဲ့ ပညာရေးစနစ်ကို အယုံအကြည်မရှိလို့ မတက်ရောက်ခဲ့တာ ဖြစ်တယ်လို့ နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ် CDM ကျောင်းသား တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီပေးတဲ့ ဘွဲ့၊ ဒီဂရီတွေကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ  NUG ကလည်း ထုတ်ပြန်ထားပါတယ်။

ကြားကာလကျောင်းအုပ်ချုပ်ရေးကောင်စီကလည်း အခုကျင်းပတဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကိုကော၊ ဘွဲ့ကိုကော အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့  TUC ကိုယ်စားလှယ်တစ်ဦး ပြောပါတယ်။

ရှမ်းပြည်နယ် ကျောင်းသားသမဂ္ဂများကွန်ရက်ကလည်း ကျောင်းသားတွေအနေနဲ့ စစ်ကျွန်စနစ်ကို သက်ဆိုးရှည်စေမယ့် စစ်ကျွန်ပညာရေးစနစ်မှာ ပူးပေါင်းပါဝင်ခြင်းမပြုလုပ်ကြဖို့နဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့အတွက် စစ်ပြိုင်ပညာရေးစနစ်ဖော်ဆောင်နေတဲ့ တက္ကသိုလ် ကောင်စီတွေနဲ့တူ ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ပုံမှန်နှစ်တွေမှာ တက္ကသိုလ်အလိုက် ဘွဲ့ယူသူ ဦးရေ ၂၀၀ ကနေ ၃၀၀ အထိရှိပေမယ့်၊ ဒီနှစ် စစ်ကောင်စီက ဖွင့်လှစ်တဲ့ကျောင်းတွေကို တက်ရောက်ပြီး ဘွဲ့ယူသူကတော့ ၁၀ ယောက်ကနေ အယောက် ၂၀ ဝန်းကျင်သာရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013