DVB Logo
Home
မြန်မာသတင်း
သွင်းကုန်လိုင်စင်လိုအပ်သည့် ကုန်စည်များ စစ်ကောင်စီ ထပ်တိုးသတ်မှတ်
DVB
·
April 2, 2022
သွင်းကုန်လိုင်စင်လိုအပ်သည့် ကုန်စည်များ စစ်ကောင်စီ ထပ်တိုးသတ်မှတ်
Donate to DVB

လျှပ်စစ်ပစ္စည်းတွေအပါအဝင် ပြည်ပက တင်သွင်းတဲ့ ကုန်စည်တွေနဲ့ပတ်သက်ပြီး  ကုန်စည်လိုင်း ၁၀၀၀ ကျော်ကို လိုင်စင် လျှောက်ထားဖို့လိုတဲ့ ကုန်စည်တွေအဖြစ်  စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနက ထပ်တိုးသတ်မှတ်လိုက်ပါတယ်။

ထပ်တိုးပါ၀င်လာတဲ့ ကုန်စည်လိုင်းတွေကတော့ လျှပ်စစ်မော်တာ၊ ဂျင်နရေတာ၊ လျှပ်စစ်ဆိုင်ရာပစ္စည်းနဲ့ ဆက်စပ်အပိုပစ္စည်းတွေ၊ စက်နဲ့ စက်ပစ္စည်း အမျိုးမျိုး၊ ကြိုးအမျိုးမျိုး၊ နိုင်လွန်ချည်၊ ဂုန်လျှော်ကြိုး၊ သားရေကုန်ကြမ်းပစ္စည်း၊ အထွေထွေသုံး ဓာတုဗေဒပစ္စည်း၊ အရောင်တင်ဆီ၊ ဆပ်ပြာကုန်ကြမ်း၊ ဆိုးဆေး၊ အိမ်မွေးတိရစ္ဆာန်အစာ၊ အထွေထွေစားသောက်ကုန် အစရှိတဲ့ ကုန်စည်တွေနဲ့ အကျုံး၀င်တဲ့   HS Code 10 digit အရ ကုန်စည်  (၁၁၃၁)လိုင်းကို  ၂၀၂၂ ခုနှစ် မေ ၁ ၇က်နေ့က စတင်ပြီး ထပ်တိုးသတ်မှတ်လိုက်ကြောင်း မတ်လ ၂၉ ရက် ရက်စွဲနဲ့ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတာပါ။

အရင်အရပ်သားအစိုးရ လက်ထက်မှာကုန်သွယ်မှုလွယ်ကူ ချော့မွေ့စေဖို့ရည်ရွယ်ပြီး တချို့ကုန်စည်လိုင်းတွေကို လိုင်စင်လျှောက်ထားဖို့မလိုတဲ့ ကုန်စည်တွေအဖြစ်နှစ်စဥ်သုံးသပ်ပြီး ဖြေလျှော့ပေးခဲ့ပေမဲ့  စစ်ကောင်စီလက်ထက်မှာ  နိုင်ငံခြားငွေအသုံးပြုမှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့   ပြည်ပကတင်သွင်းတဲ့ ကုန်စည်တွေကို သွင်းကုန်လိုင်စင်စနစ်နဲ့သာ တင်သွင်းခွင့်ပြုဖို့ ကန့်သတ်မှုတွေ လုပ်ဆောင်လာတာပါ။

အခုအခါ စစ်ကောင်စီက  တတိယအဆင့်အနေနဲ့ သွင်းကုန်လိုင်စင်လျှောက်ဖို့လိုတဲ့ ကုန်စည်လိုင်းတွေ ထပ်တိုးသတ်မှတ်လိုက်တာဖြစ်ပြီး ပထမအဆင်နဲ့ ဒုတိယအဆင့်မှာ ကုန်စည် လိုင်း ၄၀၀၀ ကျော် ကိုလည်း သတ်မှတ်ထားပြီးဖြစ်ပါတယ်။

ဒါကြောင့်အရင်အရပ်သားအစိုးရလက်ထက်မှာ သတ်မှတ်ထားတဲ့ ကုန်စည်လိုင်း  ၃၉၃၁ အပါအဝင် သတ်မှတ်ထားတဲ့ ကုန်စည်လိုင်းတွေအနက် ဘယ်ကုန်စည်ကိုမဆို ကုန်သွယ်ရေးလမ်းကြောင်း အသီးသီးကနေ တင်သွင်းရာမှာ သွင်းကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ရရှိမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013